မကြာခဏမေးမြန်းသည့်မေးခွန်းများ

အွန်လိုင်းတွင်စတင်ပါ၊ စတိုးဆိုင်တွင် ငွေပေးချေပါ

‘အွန်လိုင်းတွင် စတင်ပြီး စတိုးဆိုင်တွင် ငွေပေးချေခြင်း’ ငွေလွှဲမှုတစ်ခုကို မည်ကဲ့သို့ပယ်ဖျက်ရမည်နည်း။

ပေးပို့မည့်နိုင်ငံမှ ငွေလက်ခံသူက မထုတ်ယူသေးသည့်အခါ (သို့) (24) နာရီအတွင်း ငွေပေးချေမှု မပြုလုပ်သောကြောင့် ငွေလွှဲမှုကို အလိုအလျောက် ပယ်ဖျက်လိုက်သောအခါတွင်သာ ‘အွန်လိုင်းတွင် စတင်ပြီး စတိုးဆိုင်တွင် ငွေပေးချေခြင်း’ ငွေလွှဲမှုတစ်ခုကို ပယ်ဖျက်နိုင်ပါသည်။

အကယ်၍ သင့်အွန်လိုင်းငွေလွှဲမှုကို ပယ်ဖျက်လိုပါက Western Union သုံးစွဲသူကူညီရေးသို့ ဖုန်းခေါ်ဆိုပါ။

‘အွန်လိုင်းတွင် စတင်ပြီး စတိုးဆိုင်တွင် ငွေပေးချေခြင်း’ ကိုသုံးပြီး မည်သည့်နိုင်ငံများသို့ ငွေပေးပို့နိုင်ပါသနည်း။

သင် ငွေပေးပို့နိုင်သော နိုင်ငံအားလုံးစာရင်းကို wu.com တွင် ရှာဖွေပါ။

ဘဏ်စာရင်းတစ်ခုသို့ တိုက်ရိုက် ငွေလွှဲနိုင်သည့် နိုင်ငံများစာရင်းကိုလည်း အွန်လိုင်းမှ စစ်ဆေးကြည့်ရှုနိုင်ပါသည်။

‘အွန်လိုင်းတွင် စတင်ပြီး စတိုးဆိုင်တွင် ငွေပေးချေခြင်း’ ၏အကျိုးကျေးဇူးမှာ မည်သည်နည်း။

westernunion.com တွင် ငွေလွှဲမှု စတင်လုပ်ဆောင်လျှင် ပါဝင်သော ကိုယ်စားလှယ်ချေရန်အတွက် မည်သည့်ပုံစံကိုမျှ ဖြည့်သွင်းရန် မလိုအပ်ပါ။ ဆိုလိုသည်မှာ ကိုယ်စားလှယ်နေရာတွင် တန်းစီရန်မလိုတော့ဘဲ အချိန်ကုန်သက်သာစေနိုင်သည်ဟူ၍ ဖြစ်သည်။

‘အွန်လိုင်းတွင် စတင်ပြီး စတိုးဆိုင်တွင် ငွေပေးချေခြင်း’ ဝန်ဆောင်မှုသည် မည်ကဲ့သို့လုပ်ဆောင်ပါသနည်း။

‘အွန်လိုင်းတွင် စတင်ပြီး စတိုးဆိုင်တွင် ငွေပေးချေခြင်း’ ဝန်ဆောင်မှုဖြင့်ဆိုလျှင် ကိုယ်စားလှယ်နေရာတစ်ခုတွင် ငွေလွှဲမှု တိုက်ရိုက်စတင်ဆောင်ရွက်ခြင်းထက် ပို၍သက်သာသော ငွေလွှဲခများသာ ကျသင့်မည်ဖြစ်ပါသည်။ လုပ်ဆောင်ပုံမှာ ဤသို့ဖြစ်ပါသည် –
  • wu.com သို့ သွားပါ
  • မှတ်ပုံတင်ပြီး အွန်လိုင်း ကိုယ်ရေးအကျဉ်းတစ်ခု ဖန်တီးပါ
  • အွန်လိုင်းမှ ငွေလွှဲမှုတစ်ခုကို စတင်လုပ်ဆောင်ပါ
  • ငွေပေးချေမှုနည်းလမ်းတွင် “ငွေသားဖြင့်ပေးချေရန်” ကို ရွေးချယ်ပါ
  • ပါဝင်သော ကိုယ်စားလှယ်နေရာတစ်ခုသို့ သွားရောက်ပြီး ငွေလွှဲမှုအတွက် ပေးချေပါ။
  • MTCN တစ်ခု ထွက်လာမည်ဖြစ်သည် – ငွေထုတ်ယူရန်အတွက် ၎င်းကို သင်၏ငွေလက်ခံသူနှင့် မျှဝေပါ။

ကိုယ်စားလှယ်နေရာသို့ မည်သည့်စာရွက်စာတမ်းများကို ယူဆောင်လာရန် လိုအပ်သနည်း။

ငွေလွှဲမှု ပြီးမြောက်စေရန်အတွက် အောက်ပါစာရွက်စာတမ်းများကိုပေးရန် တောင်းဆိုမည်ဖြစ်သည်-
  • သင့်မိုဘိုင်းဖုန်းနံပါတ်
  • သင့်အွန်လိုင်း ကိုယ်ရေးအကျဉ်းဖန်တီးစဉ်က အသုံးပြုခဲ့သည့် တူညီသော အစိုးရထုတ် ID
  • ပမာဏအပြည့်အဝနှင့် သက်ဆိုင်သောစရိတ်များ

‘အွန်လိုင်းတွင် စတင်ပြီး စတိုးဆိုင်တွင် ငွေပေးချေခြင်း’ ငွေလွှဲကို ပေးပို့ပြီးကြောင်း မည်ကဲ့သို့သိရှိနိုင်ပါသနည်း။

သင်၏အွန်လိုင်းငွေလွှဲမှုအတွက် အဆင့်အားလုံးပြီးမြောက်သွားသည်နှင့် အတည်ပြုချက် စခရင်တစ်ခု ချက်ချင်းပေါ်လာမည်ဖြစ်သည်။ ပါဝင်သော ကိုယ်စားလှယ်နေရာတစ်ခုသို့ သွားရောက်ကာ ငွေလွှဲမှုအတွက် ပေးချေပြီးသည်နှင့် MTCN တစ်ခု ထွက်လာပြီး ပြေစာတစ်စောင် ရရှိမည်ဖြစ်သည်။ ထို့နောက်တွင် ငွေများ ပေးပို့မည်ဖြစ်သည်။ ပြေစာသည် သင့်ငွေလွှဲမှုကို ပေးပို့ပြီးဖြစ်ကြောင်း အတည်ပြုချက်ဖြစ်ပါသည်။

MTCN ကို ငွေလက်ခံသူနှင့် မျှဝေရန် သတိရပါ၊ ၎င်းတို့သည် ပိုက်ဆံထုတ်ရန်အတွက် အဆိုပါ MTCN ကို လိုအပ်မည်ဖြစ်သည်။ ငွေလက်ခံသူ ပိုက်ဆံရယူပြီးသောအခါတွင် အတည်ပြုချက်စာတို (သို့) အီးမေးလ်တစ်စောင် ရရှိမည်ဖြစ်သည်။

westernunion.com တွင် ငွေလွှဲနှုန်းကို မည်ကဲ့သို့ ‘လော့ခ်ချ’ ထားနိုင်မည်နည်း။

westernunion.com တွင် ငွေလွှဲမှုတစ်ခု စတင်ဆောင်ရွက်လျှင် ထိုအချိန်ရှိ ငွေလဲနှုန်း1 သည် နောက် 24 နာရီစာ “လော့ခ်ကျ” (ပုံသေဖြစ်) နေမည့် နှုန်းထားဖြစ်ပါသည်။ ငွေလွှဲလိုသည့်ပမာဏကို ပေးချေရန်အတွက် ကိုယ်စားလှယ်နေရာတစ်ခုသို့ ရောက်ရှိသည်နှင့် ငွေလဲနှုန်းသည် အွန်လိုင်းငွေလွှဲမှုစတင်သည့်အချိန်ရှိ ငွေလဲနှုန်းနှင့် အတူတူပင်ဖြစ်မည်ဖြစ်သည်။

‘အွန်လိုင်းတွင် စတင်ပြီး စတိုးဆိုင်တွင် ငွေပေးချေခြင်း’ ငွေလွှဲမှုအတွက် မည်သည့်ကိုယ်စားလှယ်နေရာ၌မဆို ငွေပေးချေနိုင်ပါသလား။

သင့်ငွေလွှဲအတွက် ပါဝင်သော Western Union ကိုယ်စားလှယ်နေရာများအားလုံးတွင် ငွေပေးချေနိုင်ပါသည်။

ငွေလွှဲထိန်းချုပ်နံပါတ် (MTCN) ဟူသည်မှာ အဘယ်နည်း။

ငွေလွှဲထိန်းချုပ်နံပါတ် (MTCN) ဟူသည်မှာ သင့်ငွေလွှဲမှုအတွက် သတ်မှတ်ထားသော သီးသန့်ကုဒ်တစ်ခုဖြစ်သည်။ အွန်လိုင်းငွေလွှဲမှုတစ်ခုကို စတင်လုပ်ဆောင်သော်အခါတွင် ကိုယ်စားလှယ်နေရာ၌ရရှိသော ပြေစာပေါ်တွင် MTCN ကို ရရှိမည်ဖြစ်သည်။

ငွေလက်ခံသူသည် ပိုက်ဆံထုတ်ယူရန် အဆိုပါနံပါတ်ကို လိုအပ်မည်ဖြစ်ပြီး ၎င်းကို သင့်ငွေလွှဲမှုအား ခြေရာခံရန်အတွက်လည်း အသုံးပြုနိုင်သည်။ အဆိုပါနံပါတ်ကို သင်ရည်ရွယ်သော ငွေလက်ခံသူမှလွဲ၍ အခြားမည်သူ့ထံမှ မျှဝေခြင်းမပြုပါနှင့်။

ငွေလွှဲမှုအတွက် ပြေစာရရှိနိုင်ပါသလား။

ရရှိနိုင်ပါသည်။ ငွေလွှဲမှု ပြီးမြောက်သွားပြီးနောက် ကိုယ်စားလှယ်နေရာတွင် ပြေစာတစ်စောင် ရရှိမည်ဖြစ်သည်။