သင့်ကိုယ်ရေးအကျဉ်း မှတ်ပုံတင်ခြင်းသည် အောက်ပါ စည်းမျဉ်းစည်းကမ်းများအပေါ် မူတည်ပါသည် (“စည်းမျဉ်းများ”)။ ဤစည်းမျဉ်းများအတွက် စာချုပ်ချုပ်ဆိုသော အဖွဲ့အစည်းမှာ WESTERN UNION INTERNATIONAL LIMITED ဖြစ်ပါသည်။
ကိုယ်ရေးအကျဉ်း မှတ်ပုံတင်ခြင်း
ကိုယ်ရေးအကျဉ်း (“ကိုယ်ရေးအကျဉ်း”) တစ်ခုကို မှတ်ပုံတင်ခြင်းသည် Western Union (“WU”) အုပ်စု ကုမ္ပဏီများနှင့် လက်အောက်ခံ ကုမ္ပဏီများက ရံဖန်ရံခါ WU ငွေလွှဲ ဝန်ဆောင်မှု အပါအဝင် (“MT ဝန်ဆောင်မှု”) WU သို့မဟုတ် ကိုယ်စားလှယ်များမှတစ်ဆင့် ([Central Department Store Limited အပါအဝင်) (“ကိုယ်စားလှယ်”) သင့်ထံ ရရှိစေနိုင်မည့် ဝန်ဆောင်မှုများ (ပေါင်းစည်း၍ “ဝန်ဆောင်မှုများ”) အဆင်ပြေချောမွေ့စေရန် ဝင်ရောက်သုံးစွဲနိုင်မည့် သင့်ကိုယ်ရေး အချက်အလက်နှင့် သင် ငွေပေးပို့မည့် သို့မဟုတ် ငွေတောင်းခံမည့် ပုဂ္ဂိုလ်များ၏ ကိုယ်ရေးအချက်အလက် အပါအဝင် အချက်အလက်များကို သိမ်းဆည်းရန် သင့်အား ခွင့်ပြုပါသည်။ သံသယကင်းစေရန် MT ဝန်ဆောင်မှုကို ထိုင်းနိုင်ငံတွင် ကိုယ်စားလှယ်က ဆောင်ရွက်ပြီး WU က ပံ့ပိုးပေးသည်။
လော့ဂ်အင်ဝင်ခြင်းနှင့် စကားဝှက်။ ကိုယ်ရေးအကျဉ်းအား ရပ်စဲခြင်းနှင့် ဆိုင်းငံ့ခြင်း
WU တွင် မှတ်ပုံတင်ထားသော အီးမေးလ်လိပ်စာသည် သင့်ကိုယ်ရေးအကျဉ်းထံ လော့ဂ်အင်ဝင်သည့် သုံးစွဲသူဆိုင်ရာ အထောက်အထား ဖြစ်ပါမည်။ သင်သည် ကိုယ်ရေးအကျဉ်းတစ်ခုထက်ပို၍ ဖန်တီးခွင့်မရှိပါ။ သင်၏လော့ဂ်အင်ဝင်ခြင်းနှင့် ရွေးချယ်ထားသော စကားဝှက်ကို ကာကွယ်သင့်ပြီး အခြားမည်သူ့ကိုမျှ ထုတ်ဖော်မပြောပြသင့်ပါ။ သင်၏သုံးစွဲသူအမည် သို့မဟုတ် စကားဝှက်ကိုပေးမိလျှင် အောက်ပါ ဆက်သွယ်ရန်ပုဂ္ဂိုလ်များမှတစ်ဆင့် WU သို့ ချက်ချင်း အသိပေးရပါမည်။ အောက်ပါ ဆက်သွယ်ရန်ပုဂ္ဂိုလ်များမှတစ်ဆင့် WU ထံ ဆက်သွယ်ပြီး သင့်ကိုယ်ရေးအကျဉ်းကို အချိန်မရွေး အခမဲ့ ရပ်စဲနိုင်ပါသည်။ ကိုယ်စားလှယ် သို့မဟုတ် WU ၏ ကျိုးကြောင်းဆီလျော်သော ထိန်းချုပ်မှုအောက်တွင်မရှိသည့် ဖြစ်စဉ်များ၊ နည်းပညာ ချိတ်ဆက်မှုဆိုင်ရာ ပြဿနာများ၊ ဤစည်းမျဉ်းများ သို့မဟုတ် MT ဝန်ဆောင်မှုအတွက် သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ သို့မဟုတ် အခြားကိစ္စရပ်များကြောင့် ဖြစ်သည်ဖြစ်စေ၊ မဖြစ်စေ WU သည် သင့်ကိုယ်ရေးအကျဉ်းကို သို့မဟုတ် ဝန်ဆောင်မှုတစ်ခုချင်းစီသို့ ဝင်ရောက်သုံးစွဲမှုကို WU ၏ တစ်ဦးတည်း ဆုံးဖြတ်ပိုင်ခွင့်အပြည့်ဖြင့် (ကိုယ်စားလှယ်တစ်ဦးစီမှတစ်ဆင့် အပါအဝင်) အချိန်မရွေး ဆိုင်းငံ့နိုင်သည် သို့မဟုတ် ရပ်စဲနိုင်သည်။ မှားယွင်းသော သို့မဟုတ် ဟောင်းသွားသော အချက်အလက်များသည် ဝန်ဆောင်မှုများကို အသုံးပြုခြင်းမှ သင့်အား တားဆီးနိုင်သောကြောင့် သို့မဟုတ် နှောင့်နှေးစေခြင်းကြောင့် သင့်ကိုယ်ရေးအကျဉ်း အသေးစိတ် အချက်အလက်များ အချိန်နှင့်တပြေးညီဖြစ်နေစေရန်မှာ သင့်တာဝန် ဖြစ်ပါသည်။
သင့်ကိုယ်ရေးအကျဉ်းသို့ ဝင်ရောက်သုံးစွဲခွင့်နှင့် ဝန်ဆောင်မှုများကို အသုံးပြုမှု
A. သင်သည် အောက်ပါတို့ကို သဘောတူပါသည်-
i. သင့်ကိုယ်ရေးအကျဉ်း အသေးစိတ်အချက်အလက်များ အချိန်နှင့်တပြေးညီဖြစ်နေစေရန်၊
ii. အချိန်ပြည့် တရားဉပဒေနှင့် ညီညွတ်သော ရည်ရွယ်ချက်များအတွက်သာ တရားဥပဒေနှင့် ညီညွတ်သော အပြုအမူဖြင့် သင့်ကိုယ်ရေးအကျဉ်းကို ဝင်ရောက်ကြည့်ရှုကာ ဝန်ဆောင်မှုများကို အသုံးပြုပြီး အဆိုပါကိုယ်ရေးအကျဉ်း သို့မဟုတ် ဝန်ဆောင်မှုများနှင့် သက်ဆိုင်သော မည်သည့်လှုပ်ရှားမှုကိုမဆို သဘောရိုးဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း ထပ်လောင်းသဘောတူညီရန်၊
iii. ဝန်ဆောင်မှုများကို အသုံးပြုခြင်းနှင့် သင့်ကိုယ်ရေးအကျဉ်းကို ဝင်ရောက်ကြည့်ရှုခြင်းဆိုင်ရာ လမ်းညွှန်ချက်၊ အသိပေးချက်၊ မူဝါဒနှင့် ညွှန်ကြားချက်များအားလုံးအပြင် ကိုယ်စားလှယ်မှ အချိန်နှင့်အမျှ ထုတ်ပြန်သော မည်သည့်ပြင်ဆင်ချက်ကိုမဆို လိုက်နာရန်၊
iv. သင်ဖော်ပြသော (သို့) ပေါ်လာစေသော သတင်း (သို့) အချက်အလက်တစ်စုံတစ်ရာသည် တိကျမှန်ကန်ကြောင်း သေချာစေရန်နှင့်
v. WU (သို့) ကိုယ်စားလှယ်အနေဖြင့် သင့်အထောက်အထားကို စစ်ဆေးအတည်ပြုနိုင်စေရန်အလို့ငှာ ထပ်လောင်း စာရွက်စာတမ်း (သို့) အချက်အလက်များကို WU ကတောင်းခံလျှင် လိုက်နာဆောင်ရွက်ရန်။
ကိုယ်ရေးလုံခြုံမှု
WU (သို့မဟုတ် ကိုယ်စားလှယ်၊ လိုအပ်သလို) အနေဖြင့် အခြားအရာများအနက် သင့်အထောက်အထားကို စစ်ဆေးအတည်ပြုနိုင်စေရန်၊ သင့် ငွေကြေးအဖွဲ့အစည်းထံမှ ငွေပေးချေခြင်း ခွင့်ပြုချက်ကို ရရှိနိုင်ရန်နှင့် (MT ဝန်ဆောင်မှုကို အသုံးပြုပါက) ငွေလွှဲခြင်း ပြီးမြောက်အောင် ဆောင်ရွက်ပေးနိုင်စေရန်အလို့ငှာ WU ကို အချို့သော ကိုယ်ရေးအချက်အလက်များပေးရန် လိုအပ်မည်ဖြစ်သည်။ [‘ကိုယ်ရေးလုံခြုံမှု ထုတ်ပြန်ချက်’] တွင် ကြည့်ရှုနိုင်သော WU ၏ ကိုယ်ရေးလုံခြုံမှု ထုတ်ပြန်ချက်တွင် သင့်ကိုယ်ရေးအကျဉ်း မှတ်ပုံတင်ခြင်းနှင့်ပတ်သက်သော ကိုယ်ရေးအချက်အလက်များကို WU မှ မည်ကဲ့သို့ ရယူစုဆောင်း၊ အသုံးပြု၊ ထုတ်ဖော်ကြောင်း ဖော်ပြထားပါသည်။ အဆိုပါစည်းမျဉ်းများကို လက်ခံခြင်းအားဖြင့် သင်သည် ကိုယ်ရေးလုံခြုံမှု ထုတ်ပြန်ချက်ကို ဖတ်ရှုပြီးဖြစ်ကာ သဘောတူညီ၍ ကိုယ်ရေးလုံခြုံမှု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည့် ရည်ရွယ်ချက်များအတွက် သင့်ကိုယ်ရေးအချက်အလက်ကို ကျွန်ုပ်တို့မှ ရယူစုဆောင်းကာ သုံးစွဲပြီး ထုတ်ဖော်ခြင်းကို သဘောတူခွင့်ပြုကြောင်း အသိအမှတ်ပြုရာရောက်ပါသည်။
တာဝန်ယူမှုဆိုင်ရာ ကန့်သတ်ချက်
(i) ခွင့်ပြုမထားသော လွှဲပြောင်းမှုများ
သင်၏လော့ဂ်အင်ဝင်ခြင်းနှင့် စကားဝှက်မှာ လျှို့ဝှက်အချက်အလက်ဖြစ်ပြီး မည်သူနှင့်မျှ မမျှဝေပါနှင့်။ WU သည် သင့်အကောင့်နှင့် စကားဝှက်ကို အသုံးပြုသော်လည်း သင့်ခွင့်ပြုချက်မရှိသော လွှဲပြောင်းမှုများအတွက် ဥပဒေမှ ခွင့်ပြုထားသည့် အမြင့်ဆုံးအတိုင်းအတာအထိ တာဝန်ယူမည်မဟုတ်ပါ။ မည်သည့်အခြေအနေတွင်မဆို WU သည် သွယ်ဝိုက်သော၊ ထူးခြားသော၊ မတော်တဆဖြစ်သော၊ ဆက်စပ်ဖြစ်သော ထိခိုက်မှုများအတွက် တာဝန်မယူပါ။ အရှေ့တွင်ဖော်ပြခဲ့သော မသက်ဆိုင်ကြောင်း ရှင်းလင်းချက်သည် WU အနေဖြင့် ၎င်းကိုယ်တိုင်၏ မသိမှု (သို့) ရည်ရွယ်ချက်ရှိရှိ မှားယွင်းဆောင်ရွက်မှုတို့ကြောင့် ဖြစ်ပေါ်လာသည့် ဆုံးရှုံးမှုများအတွက် ၎င်း၏တာဝန်ရှိခြင်းကိုမူ မကန့်သတ်ပါ။
(ii) ဝက်ဘ်ဆိုက်နှင့် ဝန်ဆောင်မှုများသည် “ရှိသည့်အတိုင်း” နှင့် “ရရှိနိုင်သည့်အတိုင်း” ဆောင်ရွက်ပေးပါသည်။
ဝက်ဘ်ဆိုက်နှင့် ပါဝင်သည့် အကြောင်းအရာများနှင့် ဝန်ဆောင်မှုများသည် “ရှိသည့်အတိုင်း” နှင့် “ရရှိနိုင်သည့်အတိုင်း” အခြေခံ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သင့်အနေဖြင့် နားလည်သဘောပေါက်ပြီး သဘောတူကာ သက်ဆိုင်ရာဥပဒေတွင် ဖော်ပြထားသည့် အတိုင်းအတာမှလွဲ၍ WU သည် သွယ်ဝိုက်ညွှန်းဆိုထားသည့် အာမခံချက်များ (သို့) စည်းမျဉ်းများ၊ ရောင်းဝယ်နိုင်ခြင်းဆိုင်ရာ စည်းမျဉ်း (သို့) အာမခံချက်၊ ပြင်ပအဖွဲ့အစည်းများ၏ အခွင့်အရေး ရပိုင်ခွင့် (သို့) မချိုးဖောက်ခြင်းနှင့် ရည်ရွယ်ချက်တစ်ခုအတွက် သင့်လျော်ခြင်းဆိုင်ရာ စည်းမျဉ်း (သို့) အာမခံချက်တစ်စုံတစ်ရာအပါအဝင် ထိုမျှမကသော ရောင်းဝယ်မှု (သို့) ကုန်သွယ်မှုတွင် ရှိလာသည့် ပြဋ္ဌာန်းထားသော ဥပဒေ (သို့) တနည်းအားဖြင့်ဆိုရသော် တရားဥပဒေအရ ဖော်ပြထားသော (သို့) သွယ်ဝိုက်ညွှန်းဆိုထားသော၊ ၎င်းတို့အရ ပေါ်ပေါက်လာသော ကိုယ်စားပြုမှု သို့မဟုတ် အာမခံချက် သို့မဟုတ် စည်းမျဉ်းအမျိုးအစားတစ်စုံတစ်ရာ သို့မဟုတ် သဘောသဘာဝတစ်စုံတစ်ရာနှင့် မသက်ဆိုင်ကြောင်း ငြင်းဆိုအပ်ပါသည်။
ဤစည်းမျဉ်းများတွင် ပါရှိချက်များသည် သက်ဆိုင်ရာ ဥပဒေအရပြဋ္ဌာန်းထားသော စားသုံးသူကာကွယ်ရေးအချက်အလက်များအား ကျင့်သုံးမှုကို ချန်လှပ်ရန်၊ ကန့်သတ်ရန် (သို့) ပြင်ဆင်မွမ်းမံရန် ရည်ရွယ်ခြင်းမရှိပါ။ ဥပဒေမှ ခွင့်ပြုထားသည့် အဆုံးစွန်အတိုင်းအတာအထိ WU သည် ဥပဒေအရ မချန်လှပ်နိုင်သော တည်ဆဲဥပဒေရှိ စားသုံးသူကာကွယ်ရေးဆိုင်ရာ စည်းမျဉ်း၊ အခြေအနေ၊ အာမခံချက်နှင့် အာမခံစာတစ်ခုခုကို မချိုးဖောက်ရန် တာဝန်ရှိပြီး ချိုးဖောက်မှုအတွက် ဝန်ဆောင်မှုများကို ပြန်လည်ပေးရန် (သို့) ဝန်ဆောင်မှုများ ပြန်လည်ပေးရသည့် ကုန်ကျစရိတ်ကို ပေးဆောင်ရန် (သို့) ကျွန်ုပ်တို့ ရောင်းချသည့် ကုန်ပစ္စည်းများနှင့်ပတ်သက်ပါက ကုန်ပစ္စည်းများကို ထပ်မံပေးဆောင်ပေးရန် (သို့) ကုန်ပစ္စည်းများကို ထပ်မံပေးဆောင်သည့် ကုန်ကျစရိတ်ကို ကျခံရန် ရွေးချယ်နိုင်သည်။
လက်ခံဖြတ်ပိုင်းများကို အီလက်ထရောနစ်နည်းဖြင့် ပေးပို့ခြင်းနှင့် ဆက်သွယ်ရေး
သင်သည် MT ဝန်ဆောင်မှု ငွေလွှဲမှု ဖြတ်ပိုင်းများအားလုံးနှင့် သင်နှင့် ကိုယ်စားလှယ် (သို့) WU အကြား WU ဝက်ဘ်ဆိုက် (“ ”) မှလည်းကောင်း၊ WU မိုဘိုင်းအက်ပ် (“ ”) မှလည်းကောင်း (သို့) အကောင့်မှတ်ပုံတင်ရာတွင်လည်းကောင်း ဝန်ဆောင်မှုအသုံးပြုရာတွင်လည်းကောင်း သင်ဖြည့်သွင်းထားသည့် အီးမေးလ်လိပ်စာ (သို့) မိုဘိုင်းဖုန်းနံပတ် စာတိုတို့မှလည်းကောင်း ရရှိသည့် (ကိုယ်ရေးလုံခြုံမှု (သို့) အီလက်ထရောနစ်စနစ်ဖြင့် ငွေလွှဲပြောင်းခြင်းနှင့် စပ်လျဉ်းသော ဉပဒေများအရ ဖွင့်ဟရန်လိုအပ်သော ထုတ်ပြန်ချက်များအပါအဝင် ထိုမျှမကသော ကိစ္စရပ်များအရ) အခြားသော ဆက်သွယ်မှုများကို လက်ခံရန် သဘောတူသည်။ အကယ်၍ သင့်အီးမေးလ်လိပ်စာ (သို့) မိုဘိုင်းဖုန်းနံပါတ်ပြောင်းလဲသွားပါက WU သို့ အက်ပ်မှလည်းကောင်း ဝက်ဘ်ဆိုက်မှလည်းကောင်း အသိပေးရပါမည်။
တားမြစ်ထားသော လုပ်ဆောင်မှုများ
A. သင့်အကောင့်ကို သုံးစွဲရာတွင် (သို့) အခြားသုံးစွဲသူ (သို့) ပြင်ပအဖွဲ့အစည်းနှင့် ဆက်ဆံရာတွင် သင့်အနေဖြင့် အောက်ပါအချက်များ မလုပ်ဆောင်ရပါ-
i. ဥပဒေ၊ စည်းမျဉ်း (သို့) ပြင်ပအဖွဲ့အစည်း အခွင့်အရေးတစ်စုံတစ်ရာကို ချိုးဖောက်ခြင်း၊ အဆိုပါစည်းကမ်းချက်များ၊ ကိုယ်ရေးလုံခြုံမှုထုတ်ပြန်ချက် (သို့) ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသော အခြားမူဝါဒတစ်ခုခုကို ဖောက်ဖျက်ခြင်း၊
ii. WU ၏ မူပိုင်ခွင့်၊ မှတ်ပုံတင်မူပိုင်ခွင့်၊ ကုန်အမှတ်တံဆိပ်၊ ကုန်သွယ်မှုလျှို့ဝှက်ချက်နှင့် အခြား ဉာဏပစ္စည်းအခွင့်အရေးများကို ချိုးဖောက်ခြင်း၊
iii. မှားယွင်းသော၊ လိမ်လည်ထားသော၊ မတိကျသော (သို့) လှည့်ဖျားရာရောက်သော သတင်းအချက်အလက်ပေးခြင်း၊
iv. အမည်ဝှက် proxy တစ်ခုကို အသုံးပြုခြင်း၊
v. ဝက်ဘ်ဆိုက် (သို့) အခြားသုံးစွဲသူများနှင့် အခြားပြင်ပအဖွဲ့အစည်းများ၏ အကျိုးစီးပွားနှင့် ပိုင်ဆိုင်မှုကို ထိခိုက်စေသည့် ဗိုင်းရပ်စ်များ၊ ထရိုဂျန်-မြင်းများ၊ သန်ကောင်များ (သို့) အခြားသော ကွန်ပြူတာ ပရိုဂရမ်ဆိုင်ရာ နည်းပညာများကို ဖြန့်ဝေခြင်း၊
vi. ဝန်ဆောင်မှုများသို့ ချိတ်ဆက်ထားသော အခြားကွန်ပြူတာစနစ် (သို့) ကွန်ရက်များကို အခွင့်မရှိဘဲ ဝင်ရောက်အသုံးပြုခွင့် ရရှိရန် (သို့) နှောင့်ယှက်ရန် (သို့) ဖျက်စီးရန် ကြိုးစားခြင်း၊
vii. WU ၏ စာဖြင့်ရေးသားထားသော ကြိုတင်သဘောတူညီမှုမပါရရှိဘဲ အခြား ပြင်ပအဖွဲ့အစည်းထံသို့ သင့်အကောင့်ကို လွှဲပြောင်းခြင်း၊
viii. တရားမဝင်ရည်ရွယ်ချက်တစ်ခုခုအတွက် (သို့) ရာဇဝတ်လုပ်ငန်းတစ်ခုခုအတွက်လည်းကောင်း၊ ၎င်းတို့နှင့် ဆက်စပ်၍လည်းကောင်း သင့်အကောင့်ကို အသုံးပြုခြင်း (သို့)
ix. တရားမဝင် (သို့) တရားမဲ့ (သို့) လိမ်လည်မှုဆိုင်ရာ လုပ်ဆောင်ချက်တစ်စု့တစ်ရာကို ဆောင်ရွက်ခြင်း။
B. အကယ်၍ သင့်အနေဖြင့် အထက်ဖော်ပြပါ တားမြစ်ချက်တစ်ခုခုကို ဆောင်ရွက်နေသည်ဟု ကျွန်ုပ်တို့မှ ကျိုးကြောင်းဆီလျော်စွာ သံသယရှိပါက အောက်ပါအတိုင်း ဆောင်ရွက်နိုင်ပါသည်။
i. သံသယဖြစ်ဖွယ် (သို့) တရားမဝင် လှုပ်ရှားမှုကို သက်ဆိုင်ရာ တာဝန်ရှိသူများထံ သတင်းပို့ခြင်း၊
ii. ငွေလွှဲများကို ပယ်ဖျက်ခြင်း (သို့) ငြင်းဆိုခြင်း၊
iii. အကောင့်ကို ဆိုင်းငံ့ခြင်း (သို့) ပိတ်သိမ်းခြင်း (သို့)
iv. သင့်အပေါ် တရားဥပဒေအရ အရေးယူခြင်းအပါအဝင် WUအနေဖြင့် ၎င်း၏ ကျိုးကြောင်းဆီလျော်သော ဆုံးဖြတ်ချက်အရ လိုအပ်မည်ဟု ဆုံးဖြတ်သော အဆင့်များကို ဆောင်ရွက်ခြင်း
C. အကယ်၍ ကျွန်ုပ်တို့မှ သင့်အကောင့်အား ပိတ်သိမ်းမည်ဆိုလျှင် ပိတ်သိမ်းခြင်းနှင့် စပ်လျဉ်းသော အသိပေးချက်ကို သင့်ထံ ဖြစ်နိုင်သမျှ အစောဆုံးပေးပို့ပါမည်။
D. သင့်အကောင့်ကို ဆိုင်းငံ့သည့်အခါတွင် ဆိုင်းငံ့ခြင်းနှင့် စပ်လျဉ်း၍ ကျွန်ုပ်တို့မှ သင့်အား ကျိုးကြောင်းဆီလျော်စွာဖြစ်နိုင်သည့် မည်သည့်အချိန်တွင်မဆို အသိပေးမည်ဖြစ်ပြီး သင့်အနေဖြင့် သုံးစွဲခွင့် ပြန်လည်ရရှိရန် တောင်းဆိုမှု ပြုလုပ်ခွင့်ကို သင့်လျော်ပါက သင့်လျော်သည့်အချိန်တွင် ပေးမည်ဖြစ်သည်။ မည်သည့်သုံးစွဲခွင့်ပြန်လည်ရယူခြင်းမဆိုသည် WU ၏ တစ်ဦးတည်း အပြီးအပြတ်ဆုံးဖြတ်ခွင့်အာဏာပေါ်တွင် မူတည်ပြီး WU ၏ တည်ဆဲ မူဝါဒများနှင့် လုပ်ငန်းစဉ်များနှင့် သက်ဆိုင်ပါသည်။
ဉာဏပစ္စည်း ပိုင်ဆိုင်မှု
WESTERN UNION အမည်၊ အမှတ်တံဆိပ်များ၊ ဝက်ဘ်ဆိုက်၊ ဝန်ဆောင်မှုများနှင့် စပ်လျဉ်းသော အမည်နှင့် အမှတ်တံဆိပ်အားလုံးတို့သည် ကုမ္ပဏီ (သို့မဟုတ် သက်ဆိုင်သည့်အတိုင်း ၎င်း၏အဖွဲ့ဝင်များ၊ ပေးသွင်းသူများ၊ မိတ်ဖက်စီးပွားရေးလုပ်ငန်းများ (သို့) လိုင်စင်ရသူများ) ၏ ကုန်ပစ္စည်းအမှတ်တံဆိပ် (သို့) မှတ်ပုံတင်ထားသော ကုန်ပစ္စည်း အမှတ်တံဆိပ်များသာ ဖြစ်သည်။ ဝက်ဘ်ဆိုက်၊ ဝန်ဆောင်မှုများ၊ ဝန်ဆောင်မှုများနှင့် ဆက်စပ်၍ သုံးစွဲထားသော နောက်ခံနည်းပညာများတွင် ဉာဏပစ္စည်းပိုင်ဆိုင်မှုနှင့် ပိုင်ဆိုင်သောအချက်အလက်များ ပါဝင်ကြောင်း သင့်အနေဖြင့် အသိအမှတ်ပြုသည်။ သင့်အနေဖြင့် သုံးစွဲခြင်း၊ ပြန်လည်ထုတ်လုပ်ခြင်း၊ ဖြန့်ဝေခြင်း၊ ပြုပြင်ခြင်း (သို့) ဆင့်ပွားများဖန်တီးခြင်း၊ အများအတွက် ပြသခြင်း (ပါဝင်အကြောင်းအရာတစ်ခုခုကို ဘောင်ခတ်ခြင်းဖြင့် အပါအဝင်) (သို့) ဝက်ဘ်ဆိုက်၊ ဝန်ဆောင်မှုများ (သို့) အရှေ့တွင် ဖော်ပြထားသည့် မှတ်ပုံတင်ထားသော၊ မှတ်ပုံမတင်ထားသော ကုန်ပစ္စည်းအမှတ်တံဆိပ်များ၊ ဉာဏပစ္စည်းပိုင်ဆိုင်မှုနှင့် ပိုင်ဆိုင်သော အချက်အလက်များကို လိုအပ်သလို ပါဝင်သည့်အကြောင်းအရာများအား ကြည့်ရှုရန်နှင့် သင့်ကိုယ်ပိုင်၊ စီးပွားဖြစ်မဟုတ်သော သုံးစွဲမှုအတွက် အဆိုပါ ပါဝင်သည့်အကြောင်းအရာများကို (ပြုပြင်ခြင်းမရှိဘဲ) အကျိုးအကြောင်းဆီလျော်သော အစုံရေပမာဏအတိုင်း မိတ္တူကူးယူခြင်း မှလွဲ၍ စီးပွားဖြစ် အမြတ်ထုတ်ခြင်း မပြုလုပ်ရ။ ထို့အပြင် အားလုံးသော စာရွက်ခေါင်းစီးများ၊ အထူးပြုလုပ်ထားသော ဂရပ်ဖစ်များ၊ ခလုတ်သင်္ကေတများနှင့် စာသားများသည် WU ၏ ဝန်ဆောင်မှု အမှတ်အသားများ နှင့်/သို့မဟုတ် ကုန်ပစ္စည်းအမှတ်တံဆိပ်များ ဖြစ်ကြသည်။ သင်သည် စာြဖင့်ရေးသားထားသည့် ကြိုတင်သဘောတူညီချက်မပါဘဲ ၎င်းတို့ကို သုံးစွဲခြင်း၊ သုံးစွဲခြင်း၊ ပြန်လည်ထုတ်လုပ်ခြင်း၊ ပြုပြင်ခြင်း (သို့) ဆင့်ပွားများဖန်တီးခြင်းတို့ မလုပ်ရပါ။
ဝက်ဘ်ဆိုက်၊ ၎င်းတွင် ပါဝင်သည့်အကြောင်းအရာ၊ ဝန်ဆောင်မှုများ၊ ဝန်ဆောင်မှုများနှင့်စပ်လျဉ်း၍ သုံးစွဲထားသော နည်းပညာများနှင့် အထက်ဖော်ပြပါအနက် တစ်ခုခုမှ ဖန်တီးထားသော (သို့) ဆင့်ပွားထားသော နည်းပညာအားလုံးနှင့် ပါဝင်အကြောင်းအရာတို့နှင့် စပ်လျဉ်းသည့် အားလုံးသော အခွင့်အရေး၊ အမည်နှင့် အကျိုးစီးပွားတို့သည် WU (သို့မဟုတ် သက်ဆိုင်သည့်အတိုင်း ၎င်း၏အဖွဲ့ဝင်များ၊ ပေးသွင်းသူများ၊ မိတ်ဖက်စီးပွားရေးလုပ်ငန်းများ (သို့) လိုင်စင်ရသူများ ၏ တစ်ဦးတည်းပိုင် ပိုင်ဆိုင်မှုဖြစ်သည်)။
လင့်ခ်များ
WU နှင့် ကိုယ်စားလှယ်တို့သည် ကိုယ်စားလှယ် (သို့မဟုတ်) WU တို့မှ လည်ပတ်ဆောင်ရွက်နေခြင်းမဟုတ်သည်များ အပါအဝင် အခြားဝန်ဆောင်မှုများ (သို့) ဝက်ဘ်အခြေပြု ရင်းမြစ်များ၏လင့်ခ်များကို ဝက်ဘ်ဆိုက်တွင် ဖော်ပြထားနိုင်သည်။ အဆိုပါလင့်ခ်များသည် သင့်အတွက် အဆင်ပြေစေရန် ပေးခြင်းဖြစ်ပြီး ပြင်ပအဖွဲ့အစည်းများမှ ဆောင်ရွက်သည့် ဝက်ဘ်ဆိုက်များ (သို့) ရင်းမြစ်များ ရရှိမှုအတွက် WU နှင့် ကိုယ်စားလှယ်တို့တွင် တာဝန်မရှိပါ။ WU နှင့် ကိုယ်စားလှယ်တို့သည် အဆိုပါဝက်ဘ်ဆိုက်များ (သို့) ရင်းမြစ်များ၌ ပါဝင်အကြောင်းအရာများနှင့်ပတ်သက်၍ ထောက်ခံခြင်း (သို့) တာဝန်ယူခြင်း မရှိပါ။ ပြင်ပအဖွဲ့စည်း၏ ဝက်ဘ်ဆိုက် (သို့) ရင်းမြစ်တစ်စုံတစ်ရာကို သုံးစွဲကြည့်ရှုမှုသည် သင့်တာဝန်သာဖြစ်ပါသည်။
စွန့်လွှတ်ခြင်းမရှိ
ဤစည်းမျဉ်းများပါ အခွင့်အရေး (သို့) ပြဋ္ဌာန်းချက်တစ်ခုခုကို ကျင့်သုံးရန် (သို့) အာဏာတည်စေရန် ကျွန်ုပ်တို့၏ ပျက်ကွက်မှုသည် အဆိုပါ အခွင့်အရေး (သို့) ပြဋ္ဌာန်းချက်ကို စွန့်လွှတ်ခြင်းမဟုတ်ပါ။
အထွေထွေ
ဤစည်းမျဉ်းများနှင့် ဤတွင်ပေါင်းစည်းပါဝင်ထားသော အခြားရည်ညွှန်းချက်များသည် သင်နှင့် WU တို့အကြားရှိ သဘောတူညီချက်နှင့် နားလည်မှုအလုံးစုံဖြစ်ပြီး ဝန်ဆောင်မှုများနှင့် ပတ်သက်သော ယခင်သဘောတူညီချက်များ (သို့မဟုတ်) WU နှင့် ရရှိခဲ့သော သဘောတူညီချက်များအားလုံးကို အစားထိုးသည်။ WU သည် သင်နှင့်ပြုလုပ်ထားသော ၎င်း၏သဘောတူညီချက်ကို လက်အောက်ခံ (သို့) အဖွဲ့ဝင်ကုမ္ပဏီတစ်ခုသို့လည်းကောင်း၊ ပြင်ပအဖွဲ့အစည်းတစ်ခုသို့လည်းကောင်း သင့်သဘောဆန္ဒမပါဘဲ အချိန်မရွေး လွှဲပြောင်းပေးနိုင်သည်။ သင်သည် သင်နှင့် WU၏ သဘောတူညီချက်ကို WU ၏ စာဖြင့်ရေးသားထားသော ကြိုတင်သဘောတူညီချက်မပါဘဲ သတ်မှတ်ခြင်း (သို့) လွှဲပြောင်းခြင်း မလုပ်ရပါ။ အကယ်၍ ဤစည်းမျဉ်းများအနက် တစ်ခု (သို့) တစ်ခုထက်ပိုသော အချက်များသည် အကြောင်းအရင်းတစ်ရပ်ရပ်ကြောင့် ပျက်ပြယ်ကြောင်း၊ တရားမဝင်ကြောင်း (သို့) အာဏာမတည်စေနိုင်ကြောင်း ဖြစ်လာပါက ကျန်သောအချက်များသည် မှန်ကန်ပြီး အာဏာတည်စေလျက် ကျန်ရှိနေမည်။
ဤစည်းမျဉ်းများသည် ဝက်ဘ်ဆိုက်စာမျက်နှာတွင် အသိပေးသည့်အတိုင်း အချိန်အလိုက် ပြောင်းလဲနိုင်ချေရှိပြီး အဆိုပါပြောင်းလဲမှုများ သက်ရောက်ပြီးသည့်နောက်တွင် ဝန်ဆောင်မှုများကို ဆက်လက်အသုံးပြုနေပါက ယင်းပြောင်းလဲမှုများကို လက်ခံရာရောက်မည်ဖြစ်သည်။
သက်ဆိုင်သော တည်ဆဲဥပဒေနှင့် တရားစီရင်မှု
ဤစည်းမျဉ်းများကို ထိုင်းနိုင်ံငံဥပဒေများဖြင့် စည်းနှောင်ပြီး အနက်အဓိပ္ပာယ်ကောက်မည်ဖြစ်ကာ ပါဝင်သူများအနေဖြင့် ထိုင်းနိုင်ငံ တရားရုံးများ၏ သီးသန့်တရားစီရင်မှုကို နာခံရမည်။
သုံးစွဲသူ စုံစမ်းမှုများ (သို့) မှတ်ချက်များအတွက် စင်တာ အခမဲ့ဖုန်းခေါ်ဆိုရန်နံပါတ် * 001 800 852 5385 သို့ ခေါ်ဆိုခြင်းဖြင့် Western Union နှင့် ဆက်သွယ်ပါ။
*နိုင်ငံတကာသို့ ဖုန်းခေါ်ဆိုနိုင်သည့် ထိုင်းနိုင်ငံတွင် မှတ်ပုံတင်ထားသော ဖုန်းများဖြင့် ထိုင်းနိုင်ငံအတွင်း ခေါ်ဆိုမှုများအတွက် အကျုံးဝင်သည်။
မူပိုင်ခွင့် 2010-2018 WESTERN UNION HOLDINGS, INC. မူပိုင်ခွင့်အားလုံး လက်ဝယ်ရှိသည်။ 2017 ခုနှစ်၊ ဇန်နဝါရီလတွင် ပြင်ဆင်ခဲ့သည်။
သို့မဟုတ် အီးမေးလ်ဖြင့် Thailand.customer@westernunion.com သို့မဟုတ် ဝက်ဘ်ဆိုက်၏ ကျွန်ုပ်တို့ထံဆက်သွယ်ပါ ကဏ္ဍဖြင့် wu.com/th/contact-us.html
© 2018 WESTERN UNION HOLDINGS, INC. မူပိုင်ခွင့်အားလုံး ရရှိထားသည်။ 2018 ခုနှစ်၊ ဩဂုတ်လတွင် နောက်ဆုံးပြင်ဆင်ထားသည်။