အရာရာတိုင်းသည် ၎င်းကို မြင်တွေ့ရသည့်အတိုင်းဖြစ်ကြောင်း သေချာအောင်လုပ်ပါ

#လိမ်ညာမှုကို အကင်းပါးပါစေ

သင်သည် ကျွန်ုပ်တို့၏ပါတနာ ဖြစ်ပါသည်။ Western Union သည် လိမ်လည်မှုကိုကာကွယ်ရန် ကြိုးစားပမ်းစားလုပ်ဆောင်နေချိန်တွင် လိမ်လည်မှုကာကွယ်ခြင်းသည် လူတိုင်း၏တာဝန်ဖြစ်ကြောင်း ကျွန်ုပ်တို့ ယုံကြည်ပါသည်။ သင်၏အကောင်းဆုံးကာကွယ်မှုမှာ နားလည်သတိပြုမိရန်၊ သင့်ကိုယ်သင် အသိပညာပြည့်ဝစေရန်နှင့် ကျွန်ုပ်တို့၏ သတင်းအချက်အလက် အကြံပြုချက်များနှင့်အတူ ကောင်းစွာဝေဖန်ပိုင်းခြားမှုကို အသုံးပြုနိုင်ရန် ဖြစ်ပါသည်။ သားကောင် အဖြစ်မခံပါနှင့်၊ အလွန်နောက်မကျမီ လိမ်ညာမှုတစ်ခု သို့မဟုတ် လူလိမ်တစ်ဦး၏ သတိပေးလက္ခဏာများကို ရိပ်စားမိနိုင်ပုံနည်းလမ်းအကြောင်း လေ့လာသင်ယူထားပါ။

Zebra-img

လိမ်လည်မှုသတိပေးချက်များ

ရင်းနှီးမှုဆိုင်ရာ လိမ်ညာခြင်း

လူလိမ်များသည် သူတို့၏သားကောင်များကို အွန်လိုင်းမှတစ်ဆင့် ဆက်သွယ်ပြီး အတုအယောင် ရင်းနှီးမှုဆက်ဆံရေးများ တည်ဆောက်ခြင်းဖြင့် ယုံကြည်မှုကို ရယူကြပါသည်။ ယုံကြည်မှုတည်ဆောက်ပြီးနောက်တွင် လူလိမ်များသည် အမျိုးမျိုးသော ခရီးသွားစရိတ်များ၊ အခကြေးငွေများ သို့မဟုတ် အခြားအရေးပေါ် အသုံးစရိတ်များကို အကြောင်းပြ၍ သားကောင်များထံမှ ပိုက်ဆံတောင်းကြပါသည်။ သင်သည် အွန်လွန်းတွင် အချစ်ရှာဖွေမည်ဆိုလျှင် တစ်ဖက်လူသည် သူ ပြောသည့်အတိုင်း မဟုတ်နိုင်သော လက္ခဏာရပ်များကို သတိထားပါ။ မှတ်ထားပါ၊ သင် လူကိုယ်တိုင် မတွေ့ဖူးသူထံ လုံးဝ ငွေမပေးပို့ပါနှင့်။

အင်တာနက်ဝယ်ယူမှုဆိုင်ရာ လိမ်ညာမှု

လူလိမ်များသည် အမှန်တကယ်မရှိသော မိုဘိုင်းဖုန်းများ၊ ပွဲတော်လက်မှတ်များနှင့် ကားများကဲ့သို့သော ပစ္စည်းများကို ကြောငြာရန်အတွက် ဝက်ဘ်ဆိုက်များ သို့မဟုတ် အွန်လိုင်းမျိုးတူစုကြော်ငြာများကို အသုံးပြုကြပါသည်။ အွန်လိုင်းကြော်ြငာတစ်ခုနှင့်ပတ်သက်၍ ငွေပေးပို့သောအခါ သတိထားပါ။

ကြိုတင်အခကြေးငွေဆိုင်ရာ လိမ်ညာမှု

သူခိုးများသည် စစ်မှန်သော ကုမ္ပဏီများအဖြစ် ဟန်ဆောင်ကြပြီး သားကောင်များအနေဖြင့် ချေးငွေ၊ ခရက်ဒစ်ကတ်၊ ထောက်ပံ့ကြေး၊ ရင်းနှီးမြှုပ်နှံမှု သို့မဟုတ် အမွေခံပိုက်ဆံကဲ့သို့ ကြီးကြီးမားမား တန်ဖိုးတစ်ခုခု ရရှိနိုင်ရေးအတွက် အခကြေးငွေများ ပေးချေရာတွင် ပါဝင်လာနိုင်ရန် ဆွဲဆောင်ပါသည်။ သားကောင်သည် ငွေလွှဲဝန်ဆောင်မှုကို အသုံးပြုပြီး လူလိမ်ထံသို့ ငွေပေးပို့သော်လည်း အပြန်အလှန်အနေဖြင့် ဘာတစ်ခုမှလက်ခံမရရှိပါ။ ထိုချေးငွေများ၊ ခရက်ဒစ်ကတ်များ၊ ထောက်ပံ့ကြေးများ၊ ရင်းနှီးမြှုပ်နှံမှုများ သို့မဟုတ် အမွေခံငွေပမာဏများသည် ဘယ်သောအခါမှ အမှန်တကယ်မတည်ရှိပါ။ လူလိမ်များသည် ပိုက်ဆံရပြီးသည်နှင့်တစ်ပြိုက်နက် အပြီးအပိုင် ခြေရာဖျောက်သွားကြသည်။

သင့်ကိုယ်သင် လိမ်လည်ခံရခြင်းမှ ကာကွယ်ပါ

  • ချေးငွေ သို့မဟုတ် ခရက်ဒစ်ကတ်ဆိုင်ရာ အခကြေးငွေများ၊ အကောက်ခွန် သို့မဟုတ် ကုန့်ပိုခများအတွက် ငွေမပေးပို့ပါနှင့်။
  • သင် လူကိုယ်တိုင် မတွေ့ဖူးသူထံ ငွေမပေးပို့ပါနှင့်။
  • တရားဝင်သော လမ်းလိပ်စာတစ်ခုမရှိသည့် လုပ်ငန်းများကို သံသယစိတ်ဝင်ပါ။
  • ပစ္စည်းတစ်ခု သို့မဟုတ် ဝန်ဆောင်မှုတစ်ခုအတွက် ပုဂ္ဂိုလ်တစ်ဦးထံသို့ ငွေလွှဲပေးပို့ခြင်းဖြင့် မပေးချေပါနှင့်။

သင် အလိမ်ခံရပြီလားဟု စဉ်းစားပါ။

၎င်းကို အစီရင်ခံတင်ပြပါ။ သင်သည် လုပ်ငန်းစဉ်တွင် ကျွန်ုပ်တို့ကို ကူညီပေးနိုင်ပြီး အနာဂတ်တွင် အခြားသူများ အလိမ်ခံရခြင်းမှ ကာကွယ်ကူညီပေးနိုင်ပါသည်။

ကျွန်ုပ်တို့၏ လိမ်လည်မှုဆိုင်ရာ ဟော့လိုင်း 001 800 852 5385 ကို ဆက်သွယ်ပါ။

လိမ်လည်ခြင်းနစ်နာမှုကို အမှုဖွင့်ပါ

အာဏာပိုင်များထံ အစီရင်ခံတိုင်ကြားပါ

သံသယဖြစ်ဖွယ် အီးမေးလ်များကို spoof@westernunion.com  သို့ လက်ဆင့်ကမ်းပေးပို့ပါ–ရင်းမြစ်နှင့်ပတ်သက်သော တန်ဖိုးရှိသည့် နောက်ကြောင်းလိုက်သတင်းအချက်အလက်များ ဆုံးရှုံးသွားမည်ဖြစ်သောကြောင့် အကြောင်းအရာများကို ဖြတ်ညှပ်ကူးယူပြီး မပေးပို့ပါနှင့်။

ပိုမို၍ ရှာဖွေပါ

လိမ်လည်မှု အမျိုးအစားများ

သင့်ကိုယ်သင် ကာကွယ်ပါ—လိမ်လည်မှုသည် ပုံသဏ္ဍာန်အရွယ်အစားမျိုးစုံဖြင့် လာနိုင်သည်

သားကောင်များကို ဆွဲဆောင်နိုင်ရန် လူလိမ်များက အသုံးပြုသော လှည့်ကွက်များအကြောင်း ပိုမိုလေ့လာပါ။

သင်၏ လိမ်လည်မှုဆိုင်ရာ အသိပညာကို ယခုစစ်ဆေးပါ
အကင်းပါးသူများသည် လိမ်ညာမှုများကို နေ့တိုင်းခံနေရပါသည်။ ငွေလွှဲခြင်းဆိုင်ရာ လိမ်လည်မှုနှင့်ပတ်သက်သော သင်၏အသိပညာကို စစ်ဆေးပြီး သင့်ကိုယ်သင် ကာကွယ်နိုင်မည့်နည်းလမ်းကို လေ့လာပါ။

သင်၏ လိမ်လည်မှုဆိုင်ရာ အသိပညာကို ယခုစစ်ဆေးပါ
အကင်းပါးသူများသည် လိမ်ညာမှုများကို နေ့တိုင်းခံနေရပါသည်။ ငွေလွှဲခြင်းဆိုင်ရာ လိမ်လည်မှုနှင့်ပတ်သက်သော သင်၏အသိပညာကို စစ်ဆေးပြီး သင့်ကိုယ်သင် ကာကွယ်နိုင်မည့်နည်းလမ်းကို လေ့လာပါ။

သတင်းကဏ္ဍ

Western Union သည် ငွေလွှဲခြင်းဆိုင်ရာ လိမ်ညာမှုများ၏ သားကောင်မဖြစ်စေရန် အသိပညာပေးခြင်းနှင့် နားလည်သိရှိစေခြင်းတို့မှတစ်ဆင့် ကူညီပေးနေပါသည်။

ကျွန်ုပ်တို့၏ သတိပေးချက်များနှင့် အပ်ဒိတ်များကို စောင့်ကြည့်လိုက်နာပါ

အသိပညာသည် သင့်ကို အကာအကွယ်ပေးနိုင်ပါသည်

သင်သည် သင့်ငွေအတွက် ကြိုးစားရှာဖွေပြီး သူငယ်ချင်းများနှင့် မိသားစုထံ ငွေပေးပို့ရာတွင် ယုံကြည်စိတ်ချရသော ကုမ္ပဏီတစ်ခုကို လိုချင်သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် သင့်ကိုယ်သင် လိမ်လည်မှုမှကာကွယ်နိုင်ရန် သင့်ကို ကူညီပေးလိုပါသည်။

image-and-bg-left-copy
ရင်းမြစ်ဌာန

အမြဲမပြတ်ကာကွယ်ပါ—လိမ်ညာမှုတစ်ခု၏ သတိပေးလက္ခဏာများကို အကြံပြုချက်များ၊ လက်ကမ်းစာစောင်များနှင့် အခြားအသုံးဝင်သော သတင်းအချက်အလက်များနှင့်အတူ အလွန်နောက်မကျမီ ရှာဖွေဖော်ထုတ်ပါ။

ရင်းမြစ်အကိုးအကားများ ရှိနေပါစေ၊ အသိပညာကြွယ်ဝနေပြီး လိမ်လည်မှုကို တားဆီးပါ
အသိပေးချက်များ အမြဲရယူပြီး အကာအကွယ်ရှိနေပါစေ။ သင့်တွင် သတင်းအချက်အလက်များ များများရှိလေလေ သင့်ကိုယ်သင် ရာဇဝတ်မှုများမှ ပိုမိုကောင်းမွန်စွာ ကာကွယ်နိုင်လေလေ ဖြစ်သည်။ လိမ်လည်မှုကို တိုင်ကြားပါ၊ နောက်ဆုံးဖြစ်သော လိမ်ညာမှုများနှင့်ပတ်သက်၍ အက်ပ်ဒိတ်ဖြစ်နေပါစေ၊ ဤထပ်ဆောင်းရင်းမြစ်များနှင့်အတူ လူလိမ်ဆရာကြီးများကို သတိပြုဖော်ထုတ်နိုင်ပုံနည်းလမ်းအကြောင်း လေ့လာပါ။