မကြာခဏမေးမြန်းသည့်မေးခွန်းများ

အွန်လိုင်းမှ ငွေပေးပို့မည်

ပြေစာကို မည်သည့်နေရာတွင် ရရှိနိုင်ပါသနည်း။

ပြေစာကို အွန်လိုင်းတွင် ရနိုင်ပါသည်။ သင်၏ယခင်ငွေလွှဲမှုများနှင့်ပတ်သက်သော အသေးစိတ်အချက်အလက်များကို Western Union အက်ပ် ရှိ သင့်ကိုယ်ရေးအကျဉ်းကဏ္ဍ (သို့) wu.com တွင်လည်း ကြည့်ရှုနိုင်ပါသည်။

ပထမဆုံးအွန်လိုင်းငွေလွှဲခြင်းကို Western Union တွင် ပြီးမြောက်အောင် မည်ကဲ့သို့လုပ်ဆောင်ရမည်နည်း။

ပထမအဆင့်မှာ wu.com တွင် ကိုယ်ရေးအကျဉ်းတစ်ခု ဖန်တီးရန်ဖြစ်ပြီး မိနစ်အနည်းငယ်အတွင်း ပြီးစီးနိုင်ပါသည်။ ထို့နောက် သင့်အထောက်အထားကို Central ကုန်တိုက်ရှိ ကိုယ်စားလှယ်နေရာစစ်ဆေးအတည်ပြုပါ။ သင့်ကိုယ်ရေးအကျဉ်းကို အတည်ပြုပြီးပါက အွန်လိုင်းမှငွေလွှဲမှုတစ်ခုကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်သည်။ အဆိုပါလုပ်ငန်းစဉ်ကို ပြီးစီးရန် လိုအပ်သည်များမှာ –
  • မိုဘိုင်းဖုန်းနံပါတ်
  • သက်တမ်းကျန်သေးသော အစိုးရထုတ် ID
  • ထိုင်းနိုင်ငံထုတ် ဘဏ်အကောင့် (သို့) အကြွေးဝယ်ကတ်/ငွေသားကတ်

သင့၏ပထမဆုံး အွန်လိုင်းမှ ငွေလွှဲမှုတစ်ခုကို ပြီးစီးအောင် ဆောင်ရွက်ရန် အောက်ပါအဆင့်များအတိုင်း လိုက်နာဆောင်ရွက်ရပါမည်။

  • အကောင့်ဝင်ပါ (သို့) မှတ်ပုံတင်ပါ
  • ပေးပို့မည့်နိုင်ငံကို ရွေးပါ၊
  • ပေးပို့မည့်နည်းလမ်းရွေးချယ်ပါ – အကြွေးဝယ်ကတ်/ငွေသားကတ် (သို့) ဘဏ်စာရင်းသို့ တိုက်ရိုက်ငွေလွှဲခြင်း၊
  • အကျိုးခံစားခွင့်ရှိသူကို ထည့်ပါ (သို့) ရွေးချယ်ပါ၊
  • ငွေပေးချေခြင်းနည်းလမ်းကို ရွေးချယ်ပါ – ငွေသား၊ ဘဏ်စာရင်းသို့ တိုက်ရိုက်ငွေလွှဲခြင်း။
  • လိမ်လည်မှုနှင့် မိမိဘာသာ သတ်မှတ်ဖွဲ့စည်းထားသော ပြင်ပအဖွဲ့ အစည်း၏ အထောက်အထားများရန်မှ သင့်ကိုယ်သင်ကာကွယ်ရန်နည်းလမ်းအကြောင်း အချက်အလက်များကို ဖတ်ရှုပါ။
  • သင့်ငွေလွှဲအချက်အလက်များကို ပြန်လည်သုံးသပ်ပြီး ဝန်ဆောင်မှုဆိုင်ရာ စည်းမျဉ်းစည်းကမ်းများကို လက်ခံပါ။
  • MTCN ကို သင့်ပြေစာတွင် ဖော်ပြထားသည်။ ပင်မ e-receipt လည်း ရရှိနိုင်သည်။

စာရင်းသွင်းစဉ် မေးခွန်းတစ်ခုခု ရှိပါက သုံးစွဲသူကူညီရေး (နံနက် 10 နာရီမှ ည 8 နာရီ) သို့ ဆက်သွယ်ပါ။

အွန်လိုင်းငွေလွှဲမှုကို ခွင့်ပြုလိုက်ကြောင်း မည်ကဲ့သို့သိနိုင်ပါသနည်း။

သင့်ငွေလွှဲမှု ခွင့်ပြုပြီးဖြစ်လျှင် အွန်လိုင်းပြေစာတွင် ဖော်ပြထားမည်ဖြစ်သည်။ ငွေလွှဲမှုပြီးမြောက်သွားသည့်အခါ သင်၏ငွေလွှဲထိန်းချုပ်နံပါတ် (MTCN) ပါဝင်သည့် စာတိုတစ်စောင် ရရှိမည်ဖြစ်သည်။

ငွေလွှဲတစ်ခုကို ပေးပို့ပြီးနောက် မည်ကဲ့သို့ ပယ်ဖျက်နိုင်မည်နည်း။

ပေးပို့မည့်နိုင်ငံမှ ငွေလက်ခံသူက မထုတ်ယူသေးသည့်အခါတွင်သာ ငွေလွှဲမှုကို ပယ်ဖျက်နိုင်ပါသည်။

သင့်အနေဖြင့် စိတ်ပြောင်းပြီး ငွေလွှဲမှုတစ်ခုကို ပြန်လည်ပယ်ဖျက်လိုပါက မူရင်းပမာဏကိုသာ ပြန်လည်ရရှိမည်ဖြစ်ကြောင်း သတိပြုပါ။

WU နည်းပညာဆိုင်ရာ ပြဿနာများ (သို့) လိမ်လည်မှုပြဿနာများတွင် ပမာဏအပြည့်အဝ ပြန်လည်ရရှိနိုင်ပါသည်။

သင့်ငွေလွှဲကို ပယ်ဖျက်လိုပါက သုံးစွဲသူကူညီရေး (နံနက် 10 နာရီမှ ည 8 နာရီ) သို့ ဆက်သွယ်ပါ။

 

Western Union နှင့် အွန်လိုင်းမှ ငွေပေးပို့နိုင်ပါသလား။

ပေးပို့နိုင်ပါသည်။ Western Union အက်ပ် (သို့) wu.com မှတစ်ဆင့် အွန်လိုင်းမှ ငွေပို့နိုင်ပါသည်။ ပေးပို့မည့်နိုင်ငံကို ရွေးချယ်ပြီးလျှင် သင့်အတွက် အသုံးပြုနိုင်သော ဝန်ဆောင်မှုအမျိုးအစားများကို တွေ့ပါလိမ့်မည်။ ကျွန်ုပ်တို့ ကိုယ်စားလှယ်များ၏ Omni Channel ဝန်ဆောင်မှုများသုံး၍လည်း အွန်လိုင်းမှ ငွေပို့နိုင်ပါသည်။

မည်သည့်နိုင်ငံနှင့် နယ်နိမိတ်များသို့ အွန်လိုင်းမှ ငွေပို့နိုင်ပါသနည်း။

ထိုင်းနိုင်ငံတွင် သင့်အနေဖြင့် အွန်လိုင်းမှ ငွေပို့နိုင်သော နိုင်ငံအားလုံးကို wu.com ၌ ကြည့်ရှုနိုင်ပါသည်။ အကယ်၍ ဘဏ်စာရင်းထဲသို့ တိုက်ရိုက်ငွေပေးပို့ရန် အားသန်ပါက နိုင်ငံများစာရင်းကို အွန်လိုင်းမှ ရှာနိုင်ပါသည်။

ထိုင်းနိုင်ငံတွင် ငွေလွှဲမှုများ လုပ်နိုင်ပါသည်။

အွန်လိုင်းမှ ငွေပို့ခြင်းအတွက် မည်ကဲ့သို့ပေးချေရမည်နည်း။

ဘဏ်ငွေလွှဲဖြင့် (သို့) သင့်အကြွးဝယ်ကတ်/ငွေသားကတ်ဖြင့် ပေးချေနိုင်ပါသည်။

နောက်ထပ် အသေးစိတ်အချက်များအတွက် သုံးစွဲသူကူညီရေး (နံနက် 10 နာရီမှ ည 8 နာရီ) သို့ ဆက်သွယ်ပါ။

 

ငွေလွှဲထိန်းချုပ်နံပါတ် (MTCN) ဟူသည်မှာ အဘယ်နည်း။

ငွေလွှဲထိန်းချုပ်နံပါတ် (MTCN) ဟူသည်မှာ သင့်ငွေလွှဲမှုအတွက် သတ်မှတ်ထားသော သီးသန့်နံပါတ်တစ်ခုဖြစ်သည်။ လက်ခံသူသည် ပိုက်ဆံထုတ်ယူရန် အဆိုပါနံပါတ်ကို လိုအပ်မည်ဖြစ်သည်။ အဆိုပါအသေးစိတ်အချက်များအား မည်သူတစ်ဦးတစ်ယောက်ကိုမျှ ဖွင့်မပြောပါနှင့်။ ၎င်းကို သင့်ငွေလွှဲမှုအား ခြေရာခံရန်အတွက်လည်း သုံးနိုင်ပါသည်။

ထိုင်းနိုင်ငံမှနေ၍ အွန်လိုင်းတွင် ငွေမည်မျှပေးပို့နိုင်ပါသနည်း။

ငွေလွှဲမှုတစ်ခုလျှင် အများဆုံး 250,000 THB အထိ ပေးပို့နိုင်ပါသည်။

အွန်လိုင်းမှ (သို့) Central ရှိ ကိုယ်စားလှယ်နေရာတစ်ခု သို့သွားရောက်ခြင်းဖြင့် တစ်နေ့လျှင် အများဆုံး 800,000 THB အထိ ပေးပို့နိုင်ပါသည်။