< လိမ်လည်မှုအား သတိပြုခြင်း

လိမ်လည်မှုကို အစီရင်ခံတိုင်ကြားပါ

သင်က လူလိမ်များ၏ သားကောင်ဖြစ်ခဲ့ဖူးပါက ဖန်တီးရယူနိုင်စွမ်းရှိပါစေ—သင်၏ဖြစ်ရပ်ကို Western Union၊ ဥပဒေလိုက်နာရေးအဖွဲ့၊ သုံးစွဲသူကာကွယ်ရေးဆိုင်ရာ ဖယ်ဒရယ် ကုန်သွယ်ရေး ကော်မရှင်ဗျူရိုကဲ့သို့ အခြားအာဏာပိုင်များထံသို့ အစီရင်ခံတိုင်ကြားပါ။ ဤအရာများသည် လိမ်လည်မှုကာကွယ်ရေးတွင် ကူညီရန်နှင့် အခြားသူများ လိမ်လည်မှုများ၏ သားကောင်ဖြစ်ခြင်းမှ ကာကွယ်ပေးရန် အရေးကြီးသော အဆင့်များ ဖြစ်ပါသည်။

Western Union သည်—လိမ်လည်မှုကို တိုက်ထုတ်ရန်နှင့် အသုံးပြုသူများ သားကောင်ဖြစ်ခြင်းမှ ကူညီကာကွယ်ပေးရန် သိသာထင်ရှားသော ရင်းမြစ်များ—ရန်ပုံငွေ၊ လူအင်အားနှင့် နည်းပညာတို့အတွက် နှစ်မြှုပ်လုပ်ကိုင်ပါသည်။

ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို အသုံးပြုသူများအား အလေးထား ဂရုစိုက်ပါသည်—သူတို့သည် ငွေကို ကြိုးစားပမ်းစားရှာဖွေထားသည်၊ ထို့ကြောင့် ကျွန်ုပ်တို့သည် လိမ်လည်မှုကို တိုက်ထုတ်ပြီး သုံးစွဲသူလိမ်လည်မှု အမျိုးအစားအမျိုးမျိုးအကြောင်းနှင့် ၎င်းတို့ကို ကာကွယ်နိုင်ပုံအကြောင်း သူတို့ကို အသိပညာပေးရန် ကူညီပေးပါသည်။ သုံးစွဲသူများကို အသိပညာပေးရန်အတွက် မီဒီယာနှင့် သုံးစွဲသူအကြံပေးအဖွဲ့များ အတူတကွအလုပ်လုပ်ခြင်းဖြင့် ကျွန်ုပ်တို့သည် မသိလိုက်မသိဘာသာ နေတတ်သူတစ်ဦးချင်းစီကို သုံးစွဲသူ လိမ်လည်မှု၏ သားကောင်ဖြစ်ခြင်းမှ ကူညီကာကွယ်ပေးနိုင်ပါသည်။

သတင်းအချက်အလက်များ သိနေပါစေ

Western Union သည် ငွေလွှဲခြင်းဆိုင်ရာ လိမ်လည်မှုများ၏ သားကောင်မဖြစ်စေရန် အသိပညာပေးခြင်းနှင့် နားလည်သိရှိစေခြင်းတို့မှတစ်ဆင့် ကူညီပေးနေပါသည်။

ကျွန်ုပ်တို့၏ သတိပေးချက်များနှင့် အပ်ဒိတ်များကို စောင့်ကြည့်လိုက်နာပါ

Western Union ထံ အစီရင်ခံတိုင်ကြားပါ

လူလိမ်များကြောင့် ပိုက်ဆံဆုံးရှုံးရသူများအကြောင်း ကြားရသည့်အခါ ကျွန်ုပ်တို့ Western Union အတွက် အမြဲတမ်း စိတ်သောကရောက်ရပါသည်။ ရာဇဝတ်သားက သုံးစွဲသူများကို လိမ်လည်ရန်နည်းလမ်းအဖြစ် တရားဝင် ဝန်ဆောင်မှုလုပ်ငန်းကို အသုံးပြုခဲ့ကြောင်း သိရသောအခါ အထူးသဖြင့် ပိုမိုစိတ်သောကရောက်ရပါသည်။

ကျွန်ုပ်တို့၏ လိမ်လည်မှုဆိုင်ရာ ဟော့လိုင်းထံ ဖုန်းခေါ်ဆိုပါ

သင်သည် ကျွန်ုပ်တို့၏ ငွေလွှဲဝန်ဆောင်မှုကို အသုံးပြုခဲ့ပြီး ငွေလွှဲလုပ်ငန်းမှာ အလိမ်ခံရသည်ဟု ယုံကြည်လျှင် ကျွန်ုပ်တို့ထံ ချက်ချင်းဖုန်းခေါ်ဆိုပါ။ ဖြစ်ပျက်ခဲ့သည့်အရာများကို ကျွန်ုပ်တို့အား ပြောပြပါ။ ကျွန်ုပ်တို့သည် သင့်ကို ကူညီလိုပါသည်—ကျွန်ုပ်တို့ ကူညီပေးနိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ သင်က ကျွန်ုပ်တို့ထံ ဆက်သွယ်မှသာလျှင် ဖြစ်နိုင်ပါသည်။ ကျွန်ုပ်တို့ထံဆက်သွယ်ရန်မှာ လွယ်ကူပါသည်–ထိုင်းနိုင်ငံရှိ ကျွန်ုပ်တို့၏ ဖုန်းခေါ်ဆိုခ အခမဲ့နံပါတ်မှာ 001 800 852 5385ဖြစ်ပါသည်။

ငွေလွှဲခြင်းကို မပြုလုပ်ရသေးလျှင် ကျွန်ုပ်တို့သည် ငွေလွှဲခြင်းလုပ်ငန်းစဉ်ကို ရပ်တန့်နိုင်ပြီး သင့်ငွေကို ပြန်လည်ပေးအပ်နိုင်ပါသည်။

လိမ်လည်ခြင်းနစ်နာမှု အွန်လိုင်းဖောင်

သင်က သင်၏ ငွေလွှဲခြင်းကို ပြုလုပ်ပြီးသားဖြစ်နေပြီး သင်၏အခြေအနေအကြောင်း Western Union ကို သိစေလိုလျှင် ကျွနိုပ်တို့၏ လိမ်လည်မှုဆိုင်ရာဌာနနှင့်အတူ အောက်ပါတို့တွင် နစ်နာမှုကို အမှုဖွင့်နိုင်ပါသည်
001 800 852 5385သို့မဟုတ် လိမ်လည်မှုအစီရင်ခံ တိုင်ကြားချက် ဖွင့်ဆိုရန် ကျွန်ုပ်တို့၏ အွန်လိုင်း လိမ်လည်ခြင်းနစ်နာမှု ဖောင်ကို အသုံးပြုနိုင်ပါသည်။ ကျွန်ုပ်တို့လက်ခံရရှိသော အစီရင်ခံတိုင်ကြားချက်များသည် အနာဂတ်တွင် လိမ်လည်မှုများကို ပိုမိုကောင်းမွန်စွာ ခြေရာခံရန်နှင့် အခြားသူများ သားကောင်မဖြစ်ရေးအတွက် ကူညီပေးရန် ဖြစ်စေပါသည်။

girl-copy-1
အာဏာပိုင်များထံ အစီရင်ခံတိုင်ကြားပါ

လိမ်လည်မှုကို အစီရင်ခံတိုင်ကြားခြင်းသည် ပိုမိုနားလည်သိရှိခြင်းနှင့် အသိပညာပိုမိုတိုးပွားခြင်းဆီသို့ ဦးတည်စေနိုင်ပါသည်။ သင်သည် လိမ်လည်မှု၏ သားကောင်ဖြစ်သည်ဟု ယုံကြည်မိလျှင် သင်၏ ဒေသဆိုင်ရာဥပဒေ လိုက်နာရေးထံသို့ ဆက်သွယ်ရန် ကျွန်ုပ်တို့ တိုက်တွန်းပါသည်။ သင်သည် အခြားသုံးစွဲသူကာကွယ်ရေး ရင်းမြစ်များကိုလည်း ဆက်သွယ်နိုင်ပါသည်။

လိမ်လည်မှုကို အစီရင်ခံတိုင်ကြားခြင်းသည် မရှိမဖြစ် အရေးကြီးပါသည်- အစီရင်ခံတိုင်ကြားခြင်းသည် အခြားသုံးစွဲသူများကို အသိပညာပေးရန် ကူညီပေးပြီး ဈေးကွက်တွင်းရှိ နောက်ဆုံးပေါ် လိမ်လည်မှုများနှင့် ပတ်သက်သော သတင်းအချက်အလက်များကို အာဏာပိုင်များထံ ပေးစွမ်းနိုင်ပါသည်။ ကျွန်ုပ်တို့သည် ကမ္ဘာတစ်ဝန်းရှိ ရဲတပ်ဖွဲ့များနှင့်အတူ မကြာခဏ အလုပ်အတူတူ တွဲလုပ်ပါသည်၊ သို့သော် ကျွန်ုပ်တို့၏ကဏ္ဍမှာ ဥပဒေလိုက်နာစေရေး မဟုတ်ကြောင်းနှင့် ရာဇဝတ်သားများကို ဖမ်းဆီးရာတွင် ကျွန်ုပ်တို့၏အေးဂျင့်များနှင့် သုံးစွဲသူများအတွက် ဖြစ်တတ်သောအန္တရာယ်များရှိကြောင်း မှတ်သားထားပေးရန် အရေးကြီးပါသည်။ ထို့ကြောင့် လက်ခံသူများသည် ငွေကြေးများကို နေရာဒေသများ၏ ထွေပြားသော နံပါတ်တစ်ခုမှတစ်ဆင့် အချိန်မရွေး ထုတ်ယူနိုင်ပါသည်၊ လိမ်လည်မှုကျူးလွန်ရန် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို အသုံးချအမြတ်ထုတ်သောသူများအား စုံစမ်းဖော်ထုတ်ခြင်းနှင့် တရားစွဲဆိုခြင်းတွင် ကူညီပေးရန်အတွက် ကျွန်ုပ်တို့သည် ဥပဒေလိုက်နာရေး အေဂျင်စီများနှင့်အတူ ပူးပေါင်းလုပ်ဆောင်ပါသည်။

မေးခွန်းနှင့် အဖြေ

အသိပညာသည် သင့်ကို အကာအကွယ်ပေးနိုင်ပါသည်။ သင်သည် သင့်ငွေအတွက် ကြိုးစားရှာဖွေပြီး သူငယ်ချင်းများနှင့် မိသားစုထံ ငွေပေးပို့ရာတွင် ယုံကြည်စိတ်ချရသော ကုမ္ပဏီတစ်ခုကို လိုချင်သည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် သင့်ကိုယ်သင် လိမ်လည်မှုမှကာကွယ်နိုင်ရန် သင့်ကို ကူညီပေးလိုပါသည်။

ကျွန်ုပ်လိမ်လည်ခံရပြီဟု တွေးထင်မိလျှင် ကျွန်ုပ် ဘာလုပ်သင့်ပါသလဲ။

ကျွန်ုပ်တို့၏ လိမ်လည်မှုဆိုင်ရာ ဟော့လိုင်း 001 800 852 5385 ကို ချက်ချင်းဆက်သွယ်ပါ။ သင်သည် ငွေကြေးများ ပေးပို့ပြီးသော်လည်း လက်ခံသူထံသို့ မရောက်သေးလျှင် ငွေလွှဲခြင်းလုပ်ငန်းစဉ်ကို ရပ်တန့်ကောင်း ရပ်တန့်နိုင်မည်ဖြစ်သည်။

လိမ်လည်ခြင်းနစ်နာမှုကို အမှုဖွင့်သောအခါ ဘာဖြစ်မလဲ။

သင်သည် နစ်နာမှုကို ကျွန်ုပ်တို့၏ လိမ်လည်မှုဆိုင်ရာဌာန 001 800 852 5385 သို့ အမှုဖွင့်ပြီးနောက်။ သို့မဟုတ် ကျွန်ုပ်တို့၏ လိမ်လည်ခြင်းနစ်နာမှု အွန်လိုင်းဖောင်ကိုအသုံးပြု၍ အမှုဖွင့်ပြီးနောက် သင်၏ ဒေသဆိုင်ရာ ဥပဒေလိုက်နာရေးအေဂျင်စီထံ ဆက်သွယ်ပါ။ Western Union သည် ဥပဒေလိုက်နာရေးအဖွဲ့၏ တောင်းဆိုချက်များနှင့်အညီ တိုက်ရိုက်လုပ်ဆောင်ပါသည်။

ကျွန်ုပ်တို့သည် ကမ္ဘာတစ်ဝန်းရှိ ရဲတပ်ဖွဲ့များနှင့်အတူ မကြာခဏ အလုပ်အတူတူ တွဲလုပ်ပါသည်၊ သို့သော် ကျွန်ုပ်တို့၏ကဏ္ဍမှာ ဥပဒေလိုက်နာစေရေး မဟုတ်ကြောင်းနှင့် ရာဇဝတ်သားများကို ဖမ်းဆီးရာတွင် ကျွန်ုပ်တို့၏အေးဂျင့်များနှင့် သုံးစွဲသူများအတွက် ဖြစ်တတ်သောအန္တရာယ်များရှိကြောင်း မှတ်သားထားပေးရန် အရေးကြီးပါသည်။ ထို့ကြောင့် လက်ခံသူများသည် ငွေကြေးများကို နေရာဒေသများ၏ ထွေပြားသော နံပါတ်တစ်ခုမှတစ်ဆင့် အချိန်မရွေး ထုတ်ယူနိုင်ပါသည်၊ လိမ်လည်မှုကျူးလွန်ရန် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို အသုံးချအမြတ်ထုတ်သောသူများအား စုံစမ်းဖော်ထုတ်ခြင်းနှင့် တရားစွဲဆိုခြင်းတွင် ကူညီပေးရန်အတွက် ကျွန်ုပ်တို့သည် ဥပဒေလိုက်နာရေး အေဂျင်စီများနှင့်အတူ ပူးပေါင်းလုပ်ဆောင်ပါသည်။

Western Union သည် ကျွန်ုပ်တို့ပိုက်ဆံများကို ပြန်လည်ပေးအပ်မည်လား။

သင်သည် ငွေလွှဲခဲ့ပြီး ငွေကို မထုတ်ယူရသေးလျှင် ကျွန်ုပ်တို့၏ လိမ်လည်မှုဆိုင်ရာ ဟော့လိုင်း 001 800 852 5385 ထံ ဖုန်းခေါ်ဆိုပါ။ ငွေလွှဲလုပ်ငန်းစဉ်ကို ရပ်တန့်ရန်အတွက် ဖြစ်သည်။

လက်ခံသူက ငွေကို ထုတ်မယူရသေးလျှင် သင်သည် ငွေလွှဲခအပါအဝင် ငွေအပြည့်ပြန်လည်ရရှိမည်ဖြစ်သည်။

သင်၏ငွေကို လက်ခံသူက ထုတ်ယူခဲ့ပြီးနောက် သင်သည် လိမ်လည်ခံရသည်ဟု သံသယရရှိလျှင် တရားဝင်လိမ်လည်ခြင်းနစ်နာမှုကို Western Union နှင့်အတူ အမှုဖွင့်ရန်နှင့် သင်၏အခြေအနေကို ဥပဒေလိုက်နာရေးအဖွဲ့ထံ အစီရင်ခံတိုင်ကြားရန် ကျွန်ုပ်တို့ အားပေးပါသည်။

လိမ်လည်မှုကို ခွင့်ပြုရနိုင်၊ ခွင့်မပြုရနိုင်ကို ဆုံးဖြတ်ရန်အတွက် Western Union သို့ အစီရင်ခံတိုင်ကြားသော ဖြစ်ရပ်များအားလုံးကို သုံးသပ်စစ်ဆေးမည်ဖြစ်သည်။ ကျွန်ုပ်တို့သည် လိမ်လည်မှုရှိသော ငွေလွှဲလုပ်ငန်းများကို သတ်မှတ်ဖော်ထုတ်ရန်နှင့် ၎င်းတို့ကို ကျွန်ုပ်တို့၏စနစ်များမှ ထွက်မသွားစေရန် အလွန်ကြိုးစား၍ အလုပ်လုပ်ပါသည်၊ သို့သော် လူလိမ်များသည် လိမ္မာပါးနပ်ကြပြီး သူတို့၏နည်းပရိယာယ်များသည် အမြဲမပြတ် ပြောင်းလဲနေပါသည်။ လိမ်လည်မှုကိုတားဆီးရန် အကောင်းဆုံးနည်းလမ်းမှာ လူလိမ်များနှင့် လိမ်လည်မှုများကို သတ်မှတ်ဖော်ထုတ်ပုံအကြောင်း လေ့လာရန်ဖြစ်ပါသည်။

လိမ်လည်မှုကိုတားဆီးရန်အတွက် Western Union သည် မည်သည့်အရာများ လုပ်ကိုင်နေပါသလဲ။

သုံးစွဲသူများ၏ ချွေးနည်းစာငွေများ လူလိမ်များထံသို့ ပါမသွားစေရန် ကျွန်ုပ်တို့သည် စိတ်နှစ်၍လုပ်ဆောင်ပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် ထိုအရာမဖြစ်ပွားရေးအတွက် အောက်ပါတို့အပါအဝင် နည်းလမ်းပေါင်းများစွာကို အကောင်အထည်ဖော်လုပ်ဆောင်ခဲ့ပြီးဖြစ်ပါသည်-

  • အလိုအလျောက် လိမ်လည်မှုသတိပေးချက်
  • ကျွန်ုပ်တို့၏ လက်လီအေးဂျင့်တည်နေရာများသို့ ပေးအပ်ထားသော လိမ်လည်မှုကာကွယ်ရေးသတင်းအချက်အလက်များ
  • www.wu.com/fraudawareness ၊  Facebook နှင့် Twitterတို့တွင် ရှိသော လိမ်လည်မှုကာကွယ်ရေး အကြံပြုချက်များနှင့် ရင်းမြစ်များ
  • လိမ်လည်မှုများကို မိမိကိုယ်တိုင် ရှာဖွေဖော်ထုတ်ပြီး ကာကွယ်နိုင်ရေး သတင်းအချက်အလက်များနှင့် အကြံပြုချက်များကို ကျွန်ုပ်တို့ မျှဝေပေးသော အကြီးတန်း နိုင်ငံတကာကုန်စည်ပြပွဲများအပါအဝင် လိမ်လည်မှုကာကွယ်ရေး နယ်ပယ်ဆိုင်ရာ ပွဲတော်များတွင် တက်ရောက်ပါဝင်ခြင်းနှင့် စကားပြောဆိုရေး အခွင့်အလမ်းများ
Western Union ကို ရည်ညွှန်းထားသော စပန်းအီးမေးလ်နှင့် ပတ်သက်၍ ကျွန်ုပ် ဘာလုပ်သင့်ပါသလဲ။

မူရင်းအီးမေးလ်ကို spoof@westernunion.com သို့ လက်ဆင့်ကမ်းပေးပို့ပါ။ ၎င်းသည် နစ်နာမှုကို အမှုဖွင့်မည်မဟုတ်ကြောင်း မှတ်သားပေးပါ၊ သင်သည် လိမ်လည်မှု၏သားကောင်ဖြစ်သည်ဟု ယုံကြည်မိလျှင် ကျွန်ုပ်တို့၏ လိမ်လည်မှုဆိုင်ရာ ဟော့လိုင်းထံ ဖုန်းခေါ်ဆိုပြီး ရာဇဝတ်မှုကို အစီရင်ခံတိုင်ကြားပါ၊ ထို့နောက် သင်၏နစ်နာမှုကို ဒေသဆိုင်ရာ ဥပဒေလိုက်နာရေးအေဂျင်စီထံတွင် အမှုဖွင့်ပါ။

ထို့ပြင် လိမ်လည်မှုများနှင့် အတုအယောင်အီးမေးလ်များအကြောင်း သတင်းအချက်အလက်များကို သင်၏သူငယ်ချင်းများနှင့် မိသားစုထံ မျှဝေပေးရန် ကျွန်ုပ်တို့ တိုက်တွန်းပါသည်။ စကားလက်ဆင့်ကမ်းခြင်းသည် အဖြစ်များသော လိမ်လည်မှုများအကြောင်း ဖြန့်ဝေပေးရန် အားကောင်းသော နည်းလမ်းတစ်ခုဖြစ်သည်။ သင်သည် မလိုလားအပ်သော အတုအယောင်အီးမေးလ်များကို လက်ခံရရှိနေလျှင် အခြားသူများသည်လည်း လက်ခံရရှိနေနိုင်ပါသည်။

အဖြစ်အများဆုံး လိမ်လည်မှုများမှာ အဘယ်နည်း။

လိမ်လည်မှုများသည် နည်းလမ်းမျိုးစုံ ဖြစ်နိုင်ပါသည်၊ ရာဇဝတ်သားများသည် ခြေတစ်လှမ်းသာနေစေရန် သူတို့၏နည်းပရိယာယ်များကို အမြဲမပြတ် ပြောင်းလဲနေကြပါသည်။ လိမ်လည်မှုအမျိုးအစားများအကြောင်း ပိုမို၍လေ့လာပါ။