လိမ်လည်မှု ရင်းမြစ်စင်တာ

လိမ်လည်ခံရခြင်းမှ မိမိကိုယ်ကို ကာကွယ်ပါ

သင့်မိတ်ဆွေများနှင့် မိသားစုထံ ငွေပေးပို့ရန်အတွက်သာ Western Union ကို အသုံးပြုပါ။

 

သင် လူကိုယ်တိုင် မတွေ့ဖူးသေးသည့် တစ်စုံတစ်ဦးက ငွေလွှဲပို့ရန် သင့်အား တောင်းဆိုလာပါက၊ သူတို့ကို အကြောင်းမပြန်ပါနှင့်။ ခိုင်လုံသော စကားဝှက်များကို အသုံးပြုပါ၊ ကျပန်းလင့်ခ်များကို မဖွင့်ပါနှင့်။ သင့်ကိုယ်ရေးအချက်အလက်များကို သင်ကိုယ်တိုင် သိမ်းထားပါ။

 

မှတ်ချက်- ငွေလွှဲကို ပေးပို့ပြီးနောက် သို့မဟုတ် ထည့်သွင်းပေးပြီးနောက် Western Union သည် သင့်အား ငွေပြန်အမ်းပေးနိုင်မည် မဟုတ်ပါ။ ငွေ မပို့ရသေးပါက သို့မဟုတ် စရန်ငွေမပေးရသေးပါက၊ လိမ်လည်မှု တိုင်ကြားချက်ဖွင့်ခြင်းဖြင့် ကျွန်ုပ်တို့ကို အသိပေးနိုင်ပါသည်။

 

လူလိမ်သည် Western Union ဝန်ဆောင်မှုများကို အသုံးပြု၍ ငွေပို့ပေးရန် သင့်အား တောင်းဆိုပါက၊ တိုင်ကြားရန် ကျွန်ုပ်တို့၏ လိမ်လည်မှု သီးသန့်ဖုန်းလိုင်းကို ခေါ်ဆိုပါ။

 

ဘယ်ကမှန်းမသိသော လူတစ်ဦးပေါ်လာပြီး အောက်ပါ အခြေအနေတစ်ရပ်ကြောင့် ငွေပို့ပေးရန် တောင်းဆိုလာပါက သတိထားပါ-

အရေးပေါ်

ဗိုင်းရပ်စ်တိုက်ဖျက် ကာကွယ်ရေး

အွန်လိုင်းဝယ်ယူမှု

အငှားအိုးအိမ် ငွေပေးချေမှု သို့မဟုတ် စရန်ငွေ

လျှို့ဝှက် ဈေးဝယ်ခြင်း

ပရဟိတ အလှူ

အခွန်ဆောင်ခြင်း

ခရက်ဒစ်ကတ် သို့မဟုတ် ငွေချေးခ

ထီ သို့မဟုတ် ဆုကြီး ပေါက်ငွေများ

အလုပ်အကိုင် အခွင့်အလမ်းများ

လူဝင်မှုကြီးကြပ်ရေး ဖြေရှင်းနည်းများ

တယ်လီဈေးကွက်ရှာဖွေရေး မြှူဆွယ်မှုများ

လိမ်လည်မှုကို အမှုမဲ့အမှတ်မဲ့ လျစ်လျူမရှုပါနှင့်

လိမ်လည်မှုကို တိုင်ကြားသည့်အခါ သင်က တစ်စုံတစ်ယောက် အလိမ်ခံရနိုင်ခြေများကိုလည်း လျှော့ချပေးရာရောက်ပါသည်။ ထိုသို့လုပ်ခြင်းသည် ဥပဒေစိုးမိုးရေး အေဂျင်စီများအား လိမ်လည်မှုများကို ဖော်ထုတ်ပြီး တားမြစ်ိနုင်စေရန်လည်း ကူညီပေးပါသည်။

 

လိမ်လည်မှုကို ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်ဟု သင်ယုံကြည်ပါက၊ ဒေသတွင်း ဥပဒေစိုးမိုးရေးနှင့် အခြား အကာအကွယ် ရင်းမြစ်များထံသို့ ဆက်သွယ်ပေးပါရန် သင့်အား တိုက်တွန်းအပ်ပါသည်။

 

လိမ်လည်မှု တိုင်ကြားခြင်းသည် အခြေခံလိုအပ်ချက်ဖြစ်သည်။ ၎င်းသည် သုံးစွဲသူများအား ကူညီ၍ အသိပညာပေးပြီး အာဏာပိုင်များကို လက်ရှိ လိမ်လည်မှုများအကြောင်း အချက်လက်များ ပံ့ပိုးပေးပါသည်။ ရဲအဖွဲ့အစည်းများနှင့် ကမ္ဘာအနှံ့တွင် ပူးပေါင်းဆောင်ရွက်နေသော်လည်း ကျွန်ုပ်တို့၏ အခန်းကဏ္ဍသည် ဥပဒေပြဋ္ဌာန်းရေး မဟုတ်ပါ။ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို တလွဲအသုံးပြုနေသူများအပေါ် စုံစမ်းစစ်ဆေးခြင်းများနှင့် တရားစွဲဆိုခြင်းများကို အားပေးထောက်ခံရန် အေဂျင်စီများနှင့်အတူ ကျွန်ုပ်တို့ ပူးပေါင်းဆောင်ရွက်ပါသည်။

သိရမည့်အရာများ

လိမ်လည်မှုကို ဘယ်လို ခွဲခြားရွေးထုတ်ပါသလဲ။

လိမ်လည်မှုများသည် နည်းလမ်းတစ်ခုတည်းဖြင့် အမြဲတမ်း မဖြစ်ပေါ်ပါ။ သို့သော် လိမ်လည်မှုကို ရှောင်ကြဉ်ရန်နှင့် တားဆီးရန် ကြည့်ရှုနိုင်သည့် ပက်တန်တစ်ခု ရှိပါသည်-

  • လိမ်လည်သူသည် အရေးပေါ်ဖြစ်ရပ်ဖြစ်သည်ဟု ဟန်ဆောင်ခြင်းဖြင့် ငွေပို့ရန် သင့်အား တောင်းဆိုပါမည်။ တစ်စုံတစ်ဦးကို လူကိုယ်တိုင် မဆုံတွေ့ဖူးပါက၊ ထိုသူထံသို့ ငွေလွှဲမပို့ခြင်းက အကောင်းဆုံးပါ။
  • သင့်စကားဝှက်များက ခန့်မှန်းရလွယ်ပါက သို့မဟုတ် ဝင်ကြည့်၍ရပါက၊ လူလိမ်များသည် သင့်အကောင့်များသို့ ဟက်ခ်လုပ်နိုင်ပါသည်။ ခိုင်လုံသော စကားဝှက်များကို သုံးပြီး ၎င်းကို မည်သူနှင့်မျှ မမျှဝေပါနှင့်။
  • လူလိမ်များသည် သင်၏ အာရုံစိုက်ခံရရန် အီးမေးလ်များ၊ လူမှုမီဒီယာ၊ စာတိုမက်ဆေ့ချ်များနှင့် ဖုန်းခေါ်ဆိုမှုများကို အသုံးပြုပါသည်။ အများအားဖြင့် ၎င်းတို့၏ မက်ဆေ့ချ်များတွင် အီးမေးလ်လိပ်စာများ၌ သဒ္ဒါအမှားနှင့် စာလုံးပေါင်းအမှားများ ပါဝင်ပါသည်။ အကြောင်းမပြန်မီ၊ စူးစမ်းလေ့လာပါ။
လိမ်လည်ခံရခြင်းကို တင်ပြပြီးနောက် ဘာဖြစ်ပါသလဲ။

သင်က လိမ်လည်ခံရကြောင်း တင်ပြပြီးနောက်၊ ကျွန်ုပ်တို့၏ လိမ်လည်မှုဌာနသည် သင်၏ တင်ပြချက်ကို သုံးသပ်ပါမည်။ လိုအပ်ပါက၊ ကျွန်ုပ်တို့၏ အဖွဲ့သည် နောက်ထပ် အချက်အလက်အတွက် သင့်ထံသို့ ဆက်သွယ်ပါမည်။ ငွေလွှဲ အခြေအနေပေါ် မူတည်၍ ကျွန်ုပ်တို့က သင်၏ ငွေလွှဲကို ပြန်အမ်းပေးနိုင်ပါသည်။ သင်သည် သင်၏ အရေးဆို တောင်းဆိုချက်၏ အခြေအနေပြပါသည့် အီးမေးလ်တစ်စောင်ကို ကျွန်ုပ်တို့ထံမှ လက်ခံရရှိပါမည်။

Western Union က လူလိမ်များကို လိုက်မဖမ်းပေးနိုင်ကြောင်းကို သတိရရန်မှာ အရေးကြီးပါသည်။ လိမ်လည်မှု ကျူးလွန်ရန်အလို့ငှာ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို ကောင်းကောင်းအသုံးချနေသည့် လူများကို စုံစမ်းစစ်ဆေးခြင်းနှင့် တရားစွဲဆိုခြင်းတွင် ပါဝင်ကူညီပေးမည့် ဥပဒေပြဋ္ဌာန်းရေး အေဂျင်စီများနှင့်အတူ ကျွန်ုပ်တို့ ပူးပေါင်းဆောင်ရွက်ပါသည်။

ကျွန်ုပ်၏ ငွေလွှဲအတွက် ပြန်အမ်းငွေ ရရှိမှာလား။

သင့်ငွေလွှဲကို မှားယွင်းသော လူထံသို့ ပေးပို့ခဲ့သည်ဟု ယုံကြည်ပါက၊ ၎င်းကို ပယ်ဖျက်ရန် ကျွန်ုပ်တို့၏ သုံးစွဲသူကူညီရေးကို ချက်ချင်း ခေါ်ဆိုပါ။ သင်၏ ငွေလွှဲကို လာမထုတ်ယူပါက၊ မပေးပို့ပါက သို့မဟုတ် မထည့်သွင်းပါက၊ ငွေလွှဲဆိုင်ရာ ပြန်အမ်းငွေအပြည့်ကို ရရှိပါမည်။

Western Union သည် လိမ်လည်မှုကို တားဆီးရန် မည်သည့်အရာများ လုပ်နေပါသလဲ။

ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ သုံးစွဲသူများထံသို့ အကြံဉာဏ်များနှင့် ရင်းမြစ်များကို ကမ်းလှမ်းခြင်းဖြင့်အပြင် လိမ်လည်မှုအန္တရာယ်မှ ပိုမိုကာကွယ်နိုင်စေရန် နည်းပညာတွင် ရင်းနှီးမြှုပ်နှံခြင်းဖြင့် လိမ်လည်မှုအကြောင်းကို လူအများထံသို့ ချန်နယ်အမျိုးမျိုးမှတစ်ဆင့် အသိပေးနေပါသည်။ လိမ်လည်မှုကို တိုင်ကြားချိန်တွင် ကျွန်ုပ်တို့သည် ဥပဒေပြဋ္ဌာန်းရေး အေဂျင်စီများအား လိမ်လည်မှုကို စုံစမ်းစစ်ဆေးရန် လိုအပ်သည့် အချက်အလက်အားလုံးကို ထောက်ပံ့ပေးပါသည်။

Western Union ကို အသုံးပြု၍ ငွေလွှဲပို့ရန် တောင်းဆိုနေသည့် သံသယရှိသော အီးမေးလ်တစ်စောင်ကို လက်ခံရရှိပါက ဘာလုပ်သင့်ပါသလဲ။

အီးမေးလ်ကို အရှိအတိုင်း ကျွန်ုပ်တို့၏ လိပ်စာ spoof@westernunion.com သို့ ထပ်ဆင့်ပို့ပေးပါ။ ၎င်းသည် လိမ်လည်မှု တိုင်ချက်ကို တင်ပြခဲ့ပြီးဖြစ်သည်ဟု မဆိုလိုကြောင်းကို မှတ်သားပေးပါ။ လိမ်လည်မှုကို တိုင်ကြားရန်၊ သင်သည် လိမ်လည်မှုဖြစ်ရပ်ကို အွန်လိုင်းတွင် တင်ပြရမည် သို့မဟုတ် ကျွန်ုပ်တို့၏ လိမ်လည်မှု သီးသန့်ဖုန်းလိုင်းကို ခေါ်ဆိုရမည်

သတင်းအချက်အလက်များကို သိထားပေးပါ

နောက်ဆုံးပေါ် လိမ်လည်မှုများအကြောင်းနှင့် သင့်ကိုယ်သင် ကာကွယ်ရန် နည်းလမ်းအကြောင်း အမြဲသိရှိနေစေရန် လူမှုမီဒီယာတွင် ကျွန်ုပ်တို့ကို ဖော်လိုလုပ်ပါ။ အတူတကွ #BeFraudSmart လုပ်ကြစို့။

ကျွန်ုပ်တို့၏ သတိပေးချက်များနှင့် အပ်ဒိတ်များကို စောင့်ကြည့်လိုက်နာပါ