မကြာခဏမေးမြန်းသည့်မေးခွန်းများ

သုံးစွဲသူ ကာကွယ်ရေး

စစ်ဆေးခြင်းမေးခွန်း လုပ်ဆောင်ချက်သည် ကျွန်ုပ်၏ငွေများကို လုံခြုံစေနိုင်ပါသလား သို့မဟုတ် လုပ်ဆောင်ချက်တစ်ခုဆိုင်ရာ ငွေပေးချေမှုကို နှောင့်နှေးစေနိုင်ပါသလား။

‘စစ်ဆေးခြင်းမေးခွန်း’ လုပ်ဆောင်ချက်ကို လက်ခံသူက မှန်ကန်သော အထောက်အထားပြသရန် လိုအပ်သေးသည့် အရေးပေါ် အခြေအနေများအတွက် ဖန်တီးထားရှိခြင်းဖြစ်သည်။ ၎င်းကို ထပ်ဆောင်းလုံခြုံရေးအဖြစ် အသုံးပြုရန် သို့မဟုတ် ငွေပေးချေမှု နှောင့်နှေးစေရန် လုံးဝအသုံးမပြုသင့်ပါ။ နေရာများစွာတွင် ကျွန်ုပ်တို့သည် လက်ခံသူက မှန်ကန်သော အထောက်အထားကို ပြသနိုင်ပါက ထိုမေးခွန်း၏အဖြေကို သူ/သူမ မသိရှိသည့်တိုင်အောင် လက်ခံသူအား ငွေပေးချေမည်ဖြစ်သည်။ ထိုင်းနိုင်ငံတွင် စစ်ဆေးခြင်းမေးခွန်းကို ငွေထုတ်ယူရာ၌ အသုံးမပြုနိုင်ပါ။

လိမ်လည်မှုကို သံသယရှိလျှင် သို့မဟုတ် လိမ်လည်ခံရလျှင် ဘာလုပ်နိုင်ပါသလဲ။

လိမ်လည်ရန်အတွက် ပေးပို့သည်ဟု သင်ယူဆသော လုပ်ဆောင်ချက်နှင့် ပတ်သက်၍ အကူအညီရယူရန် ကျွန်ုပ်တို့၏ ကိုယ်စားလှယ် တည်နေရာသို့ ချက်ချင်း သွားရောက်သင့်ပါသည်။ သင့်ပြည်တွင်းရှိ တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းထံလည်း အစီရင်ခံစာတစ်စောင် တင်သွင်းသင့်ပါသည်။ သင်သည် တယ်လီဖုန်း၊ စာ သို့မဟုတ် အီးမေးလ်ဖြင့် တောင်းခံချက်တစ်ခုကို မသေချာလျှင် သို့မဟုတ် သံသယရှိလျှင် အစိုးရဆိုင်ရာ စားသုံးသူရေးရာရုံးနှင့် ရဲစခန်းကိုလည်း ဆက်သွယ်သင့်ပါသည်။

စစ်ဆေးခြင်းမေးခွန်းဆိုတာ ဘာလဲ။ ၎င်းကို ဘယ်အချိန်မှာ အသုံးပြုပါသလဲ။

အချို့နိုင်ငံများ၌ ငွေလွှဲစတင်ပေးပို့ရာတွင် ပေးပို့သူများအား ‘စစ်ဆေးခြင်းမေးခွန်း’ တစ်ခုနှင့် ၎င်း၏အဖြေကိုဖော်ပြရန် တောင်းဆိုပါသည်။  ပေးပို့သူက ‘စစ်ဆေးခြင်းမေးခွန်း’ ပေးသည့် ကိစ္စရပ်များတွင် လက်ခံသူသည် ငွေထုတ်ယူချိန်၌ အဆိုပါအဖြေကိုပေးရန် လိုအပ်နိုင်ပါသည်။  ‘စစ်ဆေးခြင်းမေးခွန်း’ လုပ်ဆောင်ချက်ကို လက်ခံသူက မှန်ကန်သော အထောက်အထားပြသရန် လိုအပ်သေးသည့် အရေးပေါ် အခြေအနေများအတွက် ဖန်တီးထားရှိခြင်းဖြစ်သည်။ ၎င်းကို ထပ်ဆောင်းလုံခြုံရေးအဖြစ် အသုံးပြုရန် သို့မဟုတ် ငွေပေးချေမှု နှောင့်နှေးစေရန် လုံးဝအသုံးမပြုသင့်ပါ။ နေရာများစွာတွင် ကျွန်ုပ်တို့သည် လက်ခံသူက မှန်ကန်သော အထောက်အထားကို ပြသနိုင်ပါက ထိုမေးခွန်း၏အဖြေကို သူ/သူမ မသိရှိသည့်တိုင်အောင် လက်ခံသူအား ငွေပေးချေမည်ဖြစ်သည်။ ထိုင်းနိုင်ငံတွင် စစ်ဆေးခြင်းမေးခွန်းကို ငွေထုတ်ယူရာ၌ အသုံးမပြုနိုင်ပါ။

ကျွန်ုပ်သတိထားသင့်သော အဖြစ်များသည့် လိမ်လည်မှုဖြစ်ရပ်များနှင့် ငွေပို့မပေးသင့်သော ကိစ္စရပ်များ ရှိပါသလား

ရှိပါသည်။ မိတ်ဆွေများနှင့် မိသားစုထံ ငွေပေးပို့ရန်အတွက်သာ Western Union ကို အသုံးပြုပါ။ သင် လူကိုယ်တိုင် မတွေ့ဖူးသူထံ လုံးဝ ငွေမပေးပို့ပါနှင့်။ တစ်ခါတစ်ရံ လိမ်လည်သူများသည် ငွေလွှဲပေးရန် လူများကို တိုက်တွန်းလေ့ရှိသည်။ ငွေပေးပို့ရန် သင့်ကို တောင်းဆိုသော မည်သူ့ကိုမျှ ငွေမလွှဲပါနှင့်-
  • သင် အတည်မပြုရသေးသော အရေးပေါ် အခြေအနေအတွက်။
  • အွန်လိုင်း ဝယ်ယူမှုတစ်ခုအတွက်။
  • ဗိုင်းရပ်စ်တိုက်ဖျက်ရေး ကာကွယ်မှုအတွက်။
  • ငှားရမ်းထားသော အိမ်ခြံမြေအတွက် စရန်ငွေ သို့မဟုတ် ငွေပေးချေမှု။
  • ထီ (သို့) ဆုကြီး ပေါက်ငွေများ ထုတ်ယူရန်အတွက်။
  • အခွန်ဆောင်ရန်။
  • ပရဟိတအဖွဲ့သို့ လှူဒါန်းရန်။
  • ဆန်းပြားသော ဈေးဝယ်ခြင်းတာဝန်အတွက်။
  • အလုပ်အကိုင် အခွင့်အလမ်းအတွက်။
  • အကြွေးဝယ်ကတ် (သို့) ချေးယူထားသော ငွေတိုးအတွက်။
  • ရွှေ့ပြောင်းနေထိုင်ခြင်းကိစ္စတစ်ခုကို ဖြေရှင်းရန်အတွက်။

ငွေလွှဲပါက သင်ငွေလွှဲလိုက်သောသူသည် အဆိုပါငွေကို လျင်မြန်စွာရရှိနိုင်ပါသည်။ ငွေပေးချေပြီးနောက် Western Union သည် ကန့်သတ်ချက်ရှိသော အခြေအနေများမှလွဲ၍ သင်လိမ်လည်ခံရသည့်တိုင်အောင် သင့်အား ပြန်အမ်းငွေ ပေးနိုင်မည် မဟုတ်ပါ။

ဘယ်ထပ်ဆောင်းအကြံပြုချက်များကို မှတ်ထားသင့်ပါသလဲ။

  • သင် ငွေပေးပို့နေသောသူကို သိရှိကြောင်း အမြဲတစေ သေချာပါစေ။
  • ဖုန်းခေါ်ဆိုသူသည် Western Union က မေးမြန်းသော မေးခွန်းများကို တုံ့ပြန်ဖြေကြားရန် သင့်အား ညွှန်ကြားပါက ဖုန်းချလိုက်ပါ။
  • လုံခြုံရေးသည် လူတိုင်း၏တာဝန်ဖြစ်သည်။ သတင်းအချက်အလက်များ သိနေပါစေ။ လိမ်လည်မှုပုံစံအသစ်များကို သိရှိအောင် မျက်ခြေမပြတ်နားစွင့်ပါ။
  • မယုံကြည်နိုင်လောက်အောင် ကောင်းလွန်းသည်ဟု ထင်ရလျှင် ယင်းသည် လိမ်လည်မှုဖြစ်နိုင်ကြောင်း သတိရပါ။
  • လိမ်လည်မခံရအောင် သင့်ကိုယ်သင် ကာကွယ်နည်းဆိုင်ရာ ထပ်လောင်းအချက်အလက်များအတွက် ဤနေရာ

Western Union မှ ဖြစ်သည်ဟုဆို၍ တစ်စုံတစ်ယောက်က ကျွန်ုပ်ထံ အီးမေးလ်ပေးပို့လာသည်။ ဘာလုပ်သင့်ပါသလဲ။

Western Union ထံမှ ဖြစ်သည်ဟု အခိုင်အမာဆိုလာသော အီးမေးလ်တစ်စောင်ကို တစ်စုံတစ်ဦးထံမှ ရရှိပြီး ၎င်းနှင့်ပတ်သက်၍ ဘာလုပ်ရမှန်း မသေချာလျှင် ထိုအီးမေးလ်ရှိ မည်သည့်လင့်ခ်ကိုမျှ မနှိပ်ပါနှင့်။ အဆိုပါစာသည် သင့်ထံမှ ထိရှလွယ်သော အချက်အလက်များကို ရယူရန် ကြိုးစားသည့် “လှည့်ဖြားမှု” ဖြစ်နိုင်သည်။‌ ယင်းအစား Western Union သုံးစွဲသူကူညီရေးသို့ ချက်ချင်း ဆက်သွယ်ပါ။

Western Union သည် သင်၏သုံးစွဲသူ ID၊ စကားဝှက် သို့မဟုတ် အကြွေးဝယ်ကတ် အသေးစိတ်အချက်အလက်များကို တောင်းယူရန် သင့်ထံ အီးမေးလ်လုံးဝပေးပို့မည် မဟုတ်ပါ။