< ဥပဒေရေးရာ

မက်လုံးပေးထားသော အရောင်းမြှင့်တင်ရေး

WESTERN UNION® – စင်ကာပူ 2021-2022 မက်လုံးပေးထားသော အရောင်းမြှင့်တင်ရေး
(“အရောင်းမြှင့်တင်ရေး”) စည်းမျဉ်းစည်းကမ်းများ

1. ပါဝင်ရန်နည်းလမ်းနှင့် ဆုများဆိုင်ရာ အချက်အလက်များသည် ဤစည်းမျဉ်းစည်းကမ်းများ၏ တစ်စိတ်တစ်ပိုင်း ဖြစ်ပါသည်။ ပါဝင်ခြင်းအားဖြင့်၊
ပါဝင်သူများသည် အဆိုပါစည်းမျဉ်းစည်းကမ်းများအား လိုက်နာရန် သဘောတူပါသည်။

2. ဤအ‌ရောင်းမြှင့်တင်ရေးကို မြှင့်တင်သူမှာ Western Union Global Network Pte. Ltd. 77 Robinson Road, #35-01
Robinson 77, Singapore 068896 (“အရောင်းမြှင့်တင်သူ”) ဖြစ်သည်။

3. အောက်ပါအပိုဒ်ခွဲ 5 (“အရည်အချင်းပြည့်မီသော ပါဝင်သူများ”) တွင် အကြမ်းဖျင်းဖော်ပြထားသော ပါဝင်ရန် လိုအပ်ချက်များနှင့် ပြည့်မီသည့် အသက် 18 နှစ်နှင့်အထက်
စင်ကာပူနိုင်ငံသားအားလုံး ပါဝင်နိုင်ပါသည်။ အရောင်းမြှင့်တင်သူ၏ ဝန်ထမ်းများ (နှင့် ၎င်းတို့၏ အနီးစပ်ဆုံး မိသားစုများ)၊
Western Union® ကိုယ်စားလှယ်များနှင့် တစ်ဆင့်ခံ ကိုယ်စားလှယ်များအပြင် ဤအရောင်းမြှင့်တင်ရေးနှင့် ဆက်စပ်နေသော
ဝန်ဆောင်မှုပေးသူများ/ဈေးကွက်ရှာဖွေရေး ကိုယ်စားလှယ်များသည် ပါဝင်ခွင့်မရှိပါ။ အနီးစပ်ဆုံး မိသားစုဆိုသည်မှာ အောက်ပါတို့မှ မည်သူကိုမဆို ဆိုလိုပါသည်- အိမ်ထောင်ဖက်၊ အိမ်ထောင်ဖက်ဟောင်း၊ အတူနေ ဘဝကြင်ဖော်၊ သားသမီး သို့မဟုတ် အိမ်ထောင်ဖက်မှပါသည့် သားသမီး (သဘာဝအတိုင်းဖြစ်စေ၊ မွေးစားခြင်းဖြစ်စေ)၊ မိဘ၊ မိထွေး/ပထွေး၊ အဘိုးအဘွား၊ မိဘ၏ ပထွေး/မိထွေး၊ ဦးလေး၊ အဒေါ်၊ တူ၊ တူမ၊ ညီအစ်ကို၊ ညီအစ်မ၊ ဖအေတူမအေကွဲ/မအေတူအဖေကွဲ ညီအစ်ကို၊ ဖအေတူမအေကွဲ/မအေတူအဖေကွဲ ညီအစ်မ သို့မဟုတ် တစ်ဝမ်းကွဲ။

4. ဤအရောင်းမြှင့်တင်ရေးသည် 2021 ခုနှစ်၊ ဒီဇင်ဘာလ 15 ရက်၊ နံနက် 12:01 (စင်ကာပူနိုင်ငံ စံတော်ချိန်) တွင် စတင်ပြီး
2022 ခုနှစ်၊ ဖေဖေါ်ဝါရီလ 28 ရက်၊ ည 11:59 နာရီ (စင်ကာပူနိုင်ငံ စံတော်ချိန်) (“အရောင်းမြှင့်တင်ရေးကာလ”) တွင် ပြီးဆုံးကာ အရောင်းမြှင့်တင်သူက ထပ်တိုးပိုင်ခွင့်ရှိပါသည်။
2022 ခုနှစ်၊ ဖေဖေါ်ဝါရီလ 28 ရက်၊ ည 11:59 နာရီ (စင်ကာပူစံတော်ချိန်) နောက်ပိုင်း (သို့မဟုတ် ထိုကဲ့သို့ နောက်ပိုင်း အရောင်းမြှင့်တင်ရေးကာလ ပြီးဆုံးရက်) တွင်
လက်ခံရရှိသည့် ပါဝင်ယှဉ်ပြိုင်မှုများကို လက်ခံမည်မဟုတ်ဘဲ အကျုံးမဝင်ဟု ယူဆသွားပါမည်။

5. အရောင်းမြှင့်တင်ရေးကာလအတွင်း သတ်မှတ်ချက်မီသော ပါဝင်သူများသည်-

  • ငွေလွှဲထိန်းချုပ်နံပါတ်တစ်ခုကို အသုံးပြု၍ စင်ကာပူနိုင်ငံမှ နိုင်ငံများနှင့် ဒေသများအားလုံးသို့ www.westernunion.com ရှိ
    Western Union® Money TransferSM ဝန်ဆောင်မှုမှတစ်ဆင့် သို့မဟုတ် Western Union မိုဘိုင်းအက်ပ်မှတစ်ဆင့်
    ငွေပမာဏ SGD250 သို့မဟုတ် ထို့အထက် (ငွေလွှဲခများ မပါဘဲ ငွေရင်းပမာဏ)
    ဒစ်ဂျစ်တယ်ငွေလွှဲတစ်ခု (ယခင်က Western Union® ဒစ်ဂျစ်တယ်ဖြင့် ငွေလွှဲခဲ့သည့် အသုံးပြုသူများ) ကို ပေးပို့ပြီး SGD10 တန်သည့်
    ဒစ်ဂျစ်တယ်ဘောက်ချာတစ်ခုကို လက်ခံရရှိရန် ထိုကာလအတွင်း အီးမေးလ်မက်ဆေ့ချ်များကို ဆက်လက်၍ ရယူထားပါ။

6. ပထမဦးဆုံး အရည်အချင်းမီသော ငွေလွှဲမှုဖြင့် အရောင်းမြှင့်တင်ရေးတွင် အလိုအလျောက်ပါဝင်နိုင်မည်ဖြစ်ကာ အရည်အချင်းပြည့်မီသော
ပါဝင်သူများသည် အရောင်းမြှင့်တင်ရေးတွင် တစ်ကြိမ်သာ ပါဝင်နိုင်ပါသည်။

7. ရနိုင်သော ဆုများ (ပမာဏများနှင့် ဆု ဖော်ပြချက်များ) ကို အောက်တွင် ဖော်ပြထားသည်။ အရောင်းမြှင့်တင်သူများသည် ဤစည်းမျဉ်းစည်းကမ်းများတွင်
ဖော်ပြထားသည့် သတ်မှတ်ချက်မီရေး အရည်အချင်းသတ်မှတ်ချက်များ မပြည့်မီဟု ခံစားရသည့် ပါဝင်ယှဉ်ပြိုင်သူတိုင်းကို ငြင်းဆိုရန်/ငြင်းပယ်ရန်
လုပ်ပိုင်ခွင့် လက်ဝယ်ရှိပါသည်။

  • SGD10 တန် ဘောက်ချာ စုစုပေါင်း 2,500 ကို ရနိုင်ပါသည်။ ကမ်းလှမ်းမှုသည် ပစ္စည်းလက်ကျန်ရှိချိန်အထိသာ အကျုံးဝင်ပါသည်။

8. အီလက်ထရွန်နစ် လက်ဆောင်ကတ်ကို ငွေသားဖြင့် ရယူနိုင်မည်မဟုတ်ဘဲ ထုတ်ယူရာတွင် ကျသင့်သည့် အခွန်အားလုံးကို အရည်အချင်းပြည့်မီသော
ပါဝင်သူ(များ)က တာဝန်ယူကျခံရမည်။ ဒစ်ဂျစ်တယ် ဘောက်ချာများကို ပြင်ပအဖွဲ့အစည်းတစ်ခုက ပေးဆောင်ခြင်းဖြစ်ပြီး
ကုန်ပစ္စည်းအာမခံနှင့်ပတ်သက်၍ ၎င်းတို့၏ သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ သက်ရောက်မှုရှိပါသည်။ အရောင်းမြှင့်တင်သူဘက်မှ မည်သည့်နည်းနှင့်မျှ တာဝန်မရှိသည့် ပြင်ပအဖွဲ့အစည်းက
ဝန်ဆောင်မှုပေးသူပေးသော ဘောက်ချာများ၊ ဝန်ဆောင်မှုများ နှင့်/သို့မဟုတ် သတင်းအချက်အလက်များနှင့် သက်ဆိုင်သော သို့မဟုတ် ၎င်းတို့ကြောင့် ပေါ်ပေါက်လာသော
ပြဿနာရပ်အားလုံးအတွက် အဆိုပါပြင်ပအဖွဲ့အစည်း ဝန်ဆောင်မှုပေးသူထံတွင် တာဝန်ရှိပါသည်။ ဒစ်ဂျစ်တယ် ဘောက်ချာများ၊ ဝန်ဆောင်မှုများ နှင့်/သို့မဟုတ်
သတင်းအချက်အလက်များနှင့် ပတ်သက်သည့် စုံစမ်းမှု သို့မဟုတ် တိုင်ကြားမှုများသည် အဆိုပါပြင်ပအဖွဲ့အစည်းထံ ဦးတည်သင့်ပါသည်။ ပြင်ပအဖွဲ့အစည်းကပေးသော
အီလက်ထရွန်နစ် လက်ဆောင်ကတ်၊ ဝန်ဆောင်မှုများနှင့် အချက်အလက်များ၏ အရည်အသွေးနှင့် ရရှိနိုင်မှုအတွက်
အရောင်းမြှင့်တင်သူတွင် တာဝန်ရှိမည်မဟုတ်ဘဲ သတ်မှတ်ချက်မီသော ပါဝင်သူ(များ)က အရောင်းမြှင့်တင်ရေးနှင့်ဆက်စပ်သော အကျိုးခံစားခွင့်များကို
ဥပဒေအရခွင့်ပြုထားသည့်အတိုင်း အပြည့်အဝရယူခံစားသည်နှင့်တစ်ပြိုင်နက် ၎င်းတွင် အရောင်းမြှင့်တင်ရေးနှင့်ဆက်စပ်သော တာဝန်တစ်စုံတစ်ရာ ရှိတော့မည်မဟုတ်ပါ။ ကမ်းလှမ်းမှုသည် ပစ္စည်းလက်ကျန်ရှိချိန်အထိသာ
အကျုံးဝင်ပါသည်။

9. ဤအ‌ရောင်းမြှင့်တင်ရေးသည် နည်းလမ်းတစ်ခုခုဖြင့် နှောင့်ယှက်ခံရပါက သို့မဟုတ် နည်းပညာ အခက်အခဲများ သို့မဟုတ် ပျက်ယွင်းမှုများ၊
ခွင့်ပြုချက်မရှိသော ကြားဝင်စွက်ဖက်မှု သို့မဟုတ် လိမ်လည်မှု၊ လက်သရမ်းဖျက်ဆီးမှု၊ စွမ်းအင်ပျက်ယွင်းမှု၊ သဘာဝကပ်ဘေးများ၊
ကြိုမသိနိုင်သော ဖြစ်ရပ်များ၊ အရပ်ဘက်ဆူပူအုံကြွခြင်း၊ သပိတ်မှောက်ခြင်းများ၊ ကွန်ပျူတာဗိုင်းရပ်စ် ကူးစက်ခံရခြင်း၊ စက်ချို့ယွင်းချက်များ၊
ကလီကမာလုပ်ခံရခြင်း၊ ခွင့်ပြုချက်မရှိဘဲ ကြားဝင်နှောင့်ယှက်ခြင်း၊ လိမ်လည်ခြင်း၊ ရောဂါ၊ ကူးစက်ရောဂါများ၊ ကပ်ရောဂါများ
သို့မဟုတ် အရောင်းမြှင့်တင်သူ၏ ထိန်းချုပ်မှုကို ကျော်လွန်သော အခြား အကြောင်းရင်းများ သာမကဘဲ အပါအဝင်
အရောင်းမြှင့်တင်သူ၏ ကျိုးကြောင်းသင့်သော ထိန်းချုပ်မှုကို ကျော်လွန်သော အကြောင်းရင်းတစ်ရပ်ရပ်ကြောင့်
ကျိုးကြောင်းသင့်စွာ မျှော်လင့်ထားသည့်အတိုင်း မဆောင်ရွက်နိုင်ပါက အရောင်းမြှင့်တင်သူသည် ၎င်း၏ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ဖြင့် (က) သတ်မှတ်ချက်မီသော ပါဝင်သူတစ်ဦးဦးကို စည်းကမ်းနှင့်မညီ၍ ပိတ်ပင်ရန်၊
သို့မဟုတ် (ခ) စည်းကမ်းထိန်းသိမ်းရေး အာဏာပိုင်တစ်ဦးထံမှ စာဖြင့်ရေးသားထားသော ညွှန်ကြားချက်များအရ ဤအရောင်းမြှင့်တင်ရေး၏
မူလရည်ရွယ်ချက်အတိုင်း ဖြစ်နိုင်သမျှ ကျိုးကြောင်းသင့်စွာ အကျုံးဝင်စေရန် သင့်လျော်သလို အရောင်းမြှင့်တင်ရေးကို ပြင်ဆင်ရန်၊ ဆိုင်းငံ့ရန်၊ ဖျက်သိမ်းရန်
သို့မဟုတ် ပယ်ဖျက်ရန် လုပ်ပိုင်ခွင့်ရှိသည်။

10. ချန်လှပ်၍မရနိုင်သော သက်ဆိုင်ရာဥပဒေများကို လိုက်နာလျက် ဤအရောင်းမြှင့်တင်ရေးနှင့် ပတ်သက်သော အရောင်းမြှင့်တင်သူနှင့်
၎င်းနှင့် သက်ဆိုင်သော ကော်ပိုရိတ် အဖွဲ့များနှင့် အေးဂျင့်များသည် ဤအရောင်းမြှင့်တင်သူ သို့မဟုတ် ဤအရောင်းမြှင့်တင်ရေး၏ အစိတ်အပိုင်းတစ်ခုအဖြစ်
ပေးအပ်ထားသည့် ဆုတစ်ခုခုကြောင့် တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ ဖြစ်ပေါ်လာသော (တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်သော ဆုံးရှုံးမှု၊ ဆက်စပ်ဆုံးရှုံးမှု
သို့မဟုတ် မသိနားမလည်မှုကြောင့် ဆုံးရှုံးမှုများအပါအဝင် ထိုမျှမကသော ထိခိုက်မှုများ) တစ်စုံတစ်ဦး ကြုံတွေ့ရသည့် သို့မဟုတ် ခံစားရသည့် ဆုံးရှုံးမှု၊ ထိခိုက်မှု သို့မဟုတ်
အနာတရဖြစ်မှုများအတွက် တာဝန်မရှိပါ။

11. နောက်ထပ် ရှင်းလင်းချက်နှင့် တိုင်ကြားချက်များအတွက် ကျွန်ုပ်တို့၏ သုံးစွဲသူ ဝန်ဆောင်မှုစင်တာသို့ ဆက်သွယ်နိုင်ပါသည်-

  • စင်ကာပူနိုင်ငံသား အသုံးပြုသူများအတွက် – 6336 2000
  • စင်ကာပူနိုင်ငံ ပြင်ပမှ ခေါ်ဆိုသော အသုံးပြုသူများအတွက် နိုင်ငံတကာခေါ်ဆိုမှုနံပါတ် +65 6336 2000 ကို အသုံးပြုပါ

12. တည်ဆဲဥပဒေတစ်ခုခုမှ တားမြစ်ထားခြင်းမရှိပါက အရောင်းမြှင့်တင်သူကပေးသော ဆု၊ အကျိုးခံစားခွင့် နှင့်/သို့မဟုတ် ကမ်းလှမ်းမှုတစ်စုံတစ်ရာကို
လက်ခံရယူခြင်းသည် အနိုင်ရသူ(များ)ဘက်မှ ၎င်းတို့၏အမည်၊ ပုံတူ၊ ဓါတ်ပုံ နှင့်/သို့မဟုတ် အသံတို့ကို ကြော်ငြာရန်နှင့်
အခြားအရောင်းမြှင့်တင်ရေးဆိုင်ရာ ရည်ရွယ်ချက်များအတွက် လျော်ကြေးပေးရန်မလိုဘဲ ထည့်သွင်းအသုံးပြုရန်
သဘောတူညီသည်ဟု သတ်မှတ်မည်ဖြစ်သည်။

13. အရောင်းမြှင့်တင်သူသည် အရောင်းမြှင့်တင်ရေးကို ဆောင်ရွက်နိုင်ရန်အတွက် ကိုယ်ရေးအချက်အလက် (“PI”) ကို စုဆောင်းမည်ဖြစ်ပြီး
ဤရည်ရွယ်ချက်အတွက် အဆိုပါ PI ကို အေးဂျင့်များ၊ ကန်ထရိုက်တာများ၊ ဝန်ဆောင်မှုပေးသူများ၊ ဆုပေးသူများ၊ (လိုအပ်သော) စည်းကမ်းထိန်းသိမ်းရေး
အာဏာပိုင်အဖွဲ့များအပါအဝင် ထိုမျှမကသော ပြင်ပအဖွဲ့အစည်းများထံ ဖွင့်ဟထုတ်ဖော်နိုင်သည်။ ပါဝင်မှုသည် အဆိုပါ PI အား ဖော်ပြမှုအပေါ်တွင် မူတည်သည်။ အရောင်းမြှင့်တင်သူသည်
https://www.westernunion.com/content/wucom/global/en/privacy-statement.html တွင် ကြည့်ရှုနိုင်သည့် ၎င်း၏ ကိုယ်ရေးလုံခြုံမှု ထုတ်ပြန်ချက်တွင်
ဖော်ပြထားသည့်အတိုင်း PI ကို အသုံးပြုကာ ကိုင်တွယ်ဆောင်ရွက်မည်ဖြစ်သည်။ ကိုယ်ရေးအချက်အလက်လုံခြုံမှုဆိုင်ရာ ထုတ်ပြန်ချက်တွင်
အရည်အချင်းပြည့်မီသည့် ပါဝင်သူများက ၎င်းတို့၏ PI ကို ဖယ်ထုတ်ရန်၊ ဝင်ရောက်ကြည့်ရှုရန်၊ အဆင့်မြှင့်ရန် သို့မဟုတ် အမှားပြင်ဆင်ရန် လုပ်ဆောင်ရမည့်နည်းလမ်းအပြင် အရည်အချင်းပြည့်မီသည့် ပါဝင်သူများက
၎င်းတို့၏ ကိုယ်ရေးအချက်အလက်လုံခြုံမှု သို့မဟုတ် အခြားသော အကျုံးဝင်သည့် ဥပဒေတစ်စုံတစ်ရာ ချိုးဖောက်ခံရကြောင်းကို တိုင်ကြားနိုင်မည့်နည်းလမ်းဆိုင်ရာနှင့်
ယင်းတိုင်ကြားမှုများကို မည်ကဲ့သို့ ကိုင်တွယ်မည်ဖြစ်ကြောင်း အချက်အလက်များလည်း ပါဝင်ပါသည်။ PI တစ်စုံတစ်ရာကို ဝင်ရောက်ကြည့်ရှုရန်၊ အဆင့်မြှင့်ရန် သို့မဟုတ် အမှားပြင်ဆင်ရန် တောင်းဆိုမှုသည်
အရောင်းမြှင့်တင်သူထံ ဦးတည်သင့်ပါသည်။

14. ဤအရောင်းမြှင့်တင်ရေးနှင့်ပတ်သက်၍ ထုတ်လုပ်ထားသော အခြား ဈေးကွက်ရှာဖွေရေးပစ္စည်းများ သို့မဟုတ်
ဆက်စပ်ပစ္စည်းများနှင့် ဤစည်းမျဉ်းစည်းကမ်းများအကြား မတူညီမှုများရှိပါက ဤစည်းမျဉ်းစည်းကမ်းများက လွှမ်းမိုးပါသည်။

© 2021 Western Union Financial Services. မူပိုင်ခွင့်အားလုံး လက်ဝယ်ရှိပါသည်။