သင်၏ နှစ်သက်လိုလားသော နည်းလမ်းကို ရွေးချယ်ပြီး ဤလွယ်ကူသော အဆင့်များအတိုင်း လုပ်ဆောင်ပါ။
ငွေသားထုတ်ယူခြင်း
ဘဏ်အကောင့်
မလေးရှားနိုင်ငံတွင် ကိုယ်စားလှယ်ရုံးပေါင်း 2,400+ နှင့် တစ်ကမ္ဘာလုံးတွင် ကိုယ်စားလှယ်ရုံးပေါင်း 525,000+ ရှိ၍1 သင့်အနီးရှိ ရုံးတစ်ခုကို အမြဲတမ်း သင်ရှာတွေ့နိုင်ပါသည်။
ကိုယ်စားလှယ်ရုံးတွင် ငွေလက်ခံရန်နည်းလမ်း
1. တည်နေရာတစ်ခုကို ရွေးချယ်ပါ။ ကျွန်ုပ်တို့၏ ကိုယ်စားလှယ်ရုံး ရှာဖွေကိရိယာဖြင့် သင့်အနီးနားရှိ Western Union ကိုယ်စားလှယ်ရုံးတစ်ခုကို ရှာပါ။
2. သင်၏ ပေးပို့သူ အသေးစိတ်အချက်များကို ရယူပါ။ သင်၏ ပေးပို့သူ၏အမည်၊ ပေးပို့သည့်ပမာဏနှင့် ငွေလွှဲထိန်းချုပ်နံပါတ် (MTCN) တို့ကို သိထားပါ။
3. ကိုယ်စားလှယ်ရုံးသို့ သွားပါ။ အစိုးရကထုတ်ပေးသော ဓာတ်ပုံ ID ကို သေချာယူလာပါ။
4. ငွေလက်ခံရယူပါ။ သင့်အသေးစိတ်အချက်များကို အတည်ပြုပြီးသည်နှင့်တစ်ပြိုင်နက် ငွေများကို ရနိုင်ပါမည်။
ကျွန်ုပ်၏ ငွေကို မည်သည့်အချိန်တွင် လာထုတ်ယူနိုင်ပါသလဲ။
ငွေပို့သူသည် ငွေလွှဲကို အပြီးသတ်ပြီးနောက် သင့်ငွေကို မိနစ်ပိုင်းအတွင်း လာရောက်ထုတ်ယူနိုင်ပါမည်2။ သင်အဆင်ပြေသလိုပင် သင်၏ ငွေလွှဲကို ခြေရာခံနိုင်ပါသည်။
အစိုးရမှထုတ်ပေးထားသည့် ဘယ်လို ID မျိုးကို မလေးရှားနိုင်ငံတွင် လက်ခံပါသလဲ။
• နိုင်ငံကူးလက်မှတ်
• မလေးရှားနိုင်ငံ အထောက်အထားကတ်
• ယာဉ်မောင်းလိုင်စင်
• ဓာတ်ပုံပါသော နေထိုင်ခွင့်ပါမစ်
• ဓာတ်ပုံပါသော အလုပ်ပါမစ်
• အရေးပေါ်နိုင်ငံကူးလက်မှတ်
• UNHCR ကတ်
• စစ်တပ်/ရဲ/အစိုးရ ID
• i-Kad
သင်၏ ဘဏ်အကောင့်တွင် ပိုက်ဆံကို လက်ခံရယူပါ
Western Union သည် သင်၏ မလေးရှားနိုင်ငံသား သို့မဟုတ် နိုင်ငံခြား ဘဏ်အကောင့်တွင် ငွေများကို တိုက်ရိုက် ရရှိစေပါသည်3။
မလေးရှားနိုင်ငံတွင် သင့်ဘဏ်အကောင့်ထဲသို့ ငွေ ရယူနည်း
သင်သည် ဤအသေးစိတ်အချက်များကို သင်၏ ပေးပို့သူထံသို့ ထုတ်ပေးရပါမည်-
• သင့်ဘဏ်၏ အမည်နှင့် ကုဒ်
• သင့်ဘဏ်အကောင့်ပေါ်တွင် ပေါ်လွင်သည့်အတိုင်း သင့်အမည်
• သင်၏ ဘဏ်အကောင့်နံပါတ်
နိုင်ငံခြားတွင် သင့်ဘဏ်အကောင့်ထဲသို့ ငွေ ရယူနည်း
ဤဝန်ဆောင်မှုကို သင့်နိုင်ငံတွင် ရရှိနိုင်ခြင်း ရှိ၊ မရှိနှင့် သင်ပေးအပ်ရန် လိုအပ်သည့် အသေးစိတ်အချက်များနှင့် ပတ်သက်သော အချက်အလက်များအတွက် ကျွန်ုပ်တို့၏ ဘဏ်သို့ တိုက်ရိုက်ပို့နိုင်သည့် နိုင်ငံ အချက်အလက်ကို စစ်ဆေးပါ။
ကျွန်ုပ်၏ ငွေကို ဘယ်လို လက်ခံရရှိမလဲ။
၎င်းသည် နိုင်ငံအလိုက် ကွဲပြားပါမည်။ ၎င်းသည် တစ်နေ့တည်းတွင် ဖြစ်နိုင်သော်လည်း အလုပ်ရက် ငါးရက်အထိ ကြာမြင့်နိုင်ပါသည်4။ နောက်ထပ် အသေးစိတ်အချက်များအတွက် ကျွန်ုပ်တို့၏ ဘဏ်သို့ တိုက်ရိုက် နိုင်ငံ အချက်အလက်ကို စစ်ဆေးပါ။ အလားတူပင် သင်သည် သင်၏ အွန်လိုင်း ငွေလွှဲ၏ အခြေအနေပြကိုလည်း စစ်ဆေးနိုင်ပါသည်။
ကျွန်ုပ်တို့၏ မေးလေ့ရှိသောမေးခွန်း အပိုင်းကို ဝင်ကြည့်ပါ သို့မဟုတ် ကျွန်ုပ်တို့၏ အသုံးပြုသူ အကူအညီဖုန်းလိုင်းမှတစ်ဆင့် ကျွန်ုပ်တို့ထံ ဆက်သွယ်ပါ။
1 2018 ခုနှစ်၊ မတ်လ 31 ရက်အရ ကွန်ရက်ဒေတာ။
2 ဝန်ဆောင်မှုနှင့် ငွေများကို ရွေးချယ်ထားသော ဝန်ဆောင်မှု၊ ကြန့်ကြာသော ပေးပို့မှုနည်းလမ်းများကို ရွေးချယ်ထားခြင်း၊ ပေးပို့သည့် ပမာဏ၊ ပေးပို့ရောက်ရှိမည့် နိုင်ငံ၊ ငွေကြေး ရရှိနိုင်မှု၊ စည်းမျဉ်းဆိုင်ရာ ပြဿနာများ၊ သုံးစွဲသူ ကာကွယ်ရေး ပြဿနာများ၊ အထောက်အထား လိုအပ်ချက်များ၊ ပေးပို့မှုဆိုင်ရာ ကန့်သတ်ချက်များ၊ ကိုယ်စာလှယ်ရုံး ဖွင့်ချိန်များနှင့် ဒေသစံတော်ချိန် ကွာခြားချက်များအပါအဝင် အချို့သော အကြောင်းရင်းများ (စုပေါင်း၍ “ကန့်သတ်ချက်များ” ဟု ခေါ်ဝေါ်သည်) အပေါ် မူတည်၍ ကြန့်ကြာခြင်း သို့မဟုတ် မရရှိနိုင်ခြင်း ဖြစ်နိုင်သည်။ ထပ်လောင်းကန့်သတ်ချက်များ သက်ဆိုင်မှုရှိနိုင်ပါသည်၊ အသေးစိတ်သိရှိနိုင်စေရန် ကျွန်ုပ်တို့၏စည်းမျဉ်းစည်းကမ်းများကို ကြည့်ရှုပါ။
3 ဘဏ်အကောင့် အချက်အလက်ပေးချိန်တွင် သတိထားပါ။ သင်ပေးသော အကောင့်နံပါတ်နှင့် သက်ဆိုင်သည့် ဘဏ်အကောင့်ထဲသို့ ငွေသွင်းပေးပါမည်။ ငွေလက်ခံသူ၏ အကောင့်သည် ပြည်တွင်းသုံးငွေကြေး ထုတ်ယူရန် အကောင့် ဖြစ်ရပါမည်။
4 ငွေလက်ခံသူ၏ ဘဏ်ပိတ်ရက်များ မပါဝင်ပါ။