- ပါဝင်ရန်နည်းလမ်းနှင့် ဆုများသည် အဆိုပါစည်းမျဉ်းစည်းကမ်းများနှင့် တစ်စိတ်တစ်ပိုင်းသက်ဆိုင်ပုံဆိုင်ရာ အချက်အလက်များ။ ပါဝင်သူများသည် ပါဝင်ခြင်းဖြင့် ဤစည်းမျဉ်းစည်းကမ်းများကို သဘောတူပါသည်။
- ဤအရောင်းမြှင့်တင်ရေးကို မြှင့်တင်သူမှာ Western Union Global Network Pte. Ltd. 77 Robinson Road, #35-01 Robinson 77, Singapore 068896 (“အရောင်းမြှင့်တင်သူ”) ဖြစ်ပါသည်။
- ဤအရောင်းမြှင့်တင်ခြင်းသည် Western Union ဈေးကွက်ရှာဖွေရေး ပရိုဂရမ်များတွင် ပါဝင်ရန် ရွေးချယ်သည့် အသက် 18 နှစ် သို့မဟုတ် ထို့အထက် စင်ကာပူနိုင်ငံသားအားလုံး (“သတ်မှတ်ချက်မီသော ပါဝင်ဆောင်ရွက်သူများ”) အတွက် အကျုံးဝင်ပါသည်။ Western Union® ကိုယ်စားလှယ်များနှင့် တစ်ဆင့်ခံ ကိုယ်စားလှယ်များအပြင် ဤအရောင်းမြှင့်တင်ရေးနှင့် ဆက်စပ်နေသော ဝန်ဆောင်မှုပေးသူများ/ဈေးကွက်ရှာဖွေရေး ကိုယ်စားလှယ်များ၏ ဒုတိယအဆင့် ဆွေမျိုးသားချင်း သို့မဟုတ် တော်စပ်သူများဖြစ်သည့် ဝန်ထမ်းများနှင့် ဆွေမျိုးများသည် ပါဝင်ခွင့်မရှိပါ။ အနီးစပ်ဆုံး မိသားစုဆိုသည်မှာ အောက်ပါတို့မှ မည်သူကိုမဆို ဆိုလိုပါသည်- အိမ်ထောင်ဖက်၊ အိမ်ထောင်ဖက်ဟောင်း၊ အတူနေ ဘဝကြင်ဖော်၊ သားသမီး သို့မဟုတ် အိမ်ထောင်ဖက်မှပါသည့် သားသမီး (သဘာဝအတိုင်းဖြစ်စေ၊ မွေးစားခြင်းဖြစ်စေ)၊ မိဘ၊ မိထွေး/ပထွေး၊ အဘိုးအဘွား၊ မိဘ၏ ပထွေး/မိထွေး၊ ဦးလေး၊ အဒေါ်၊ တူ၊ တူမ၊ ညီအစ်ကို၊ ညီအစ်မ၊ ဖအေတူမအေကွဲ/မအေတူအဖေကွဲ ညီအစ်ကို၊ ဖအေတူမအေကွဲ/မအေတူအဖေကွဲ ညီအစ်မ သို့မဟုတ် တစ်ဝမ်းကွဲ။
- ဤအရောင်းမြှင့်တင်ရေးသည် 2021 ခုနှစ်၊ ဒီဇင်ဘာလ 10 ရက်၊ နံနက် 12:00 နာရီ (AEST) တွင် စတင်ပြီး 2022 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်၊ ည 11:59 (AEST) (“အရောင်းမြှင့်တင်ရေးကာလ”) တွင် ပြီးဆုံးပါသည်။ 2022 ခုနှစ်၊ ဇန်နဝါရီလ 10 ရက်၊ ည 11:59 (AEST) နောက်ပိုင်း ပြုလုပ်သည့် လွှဲပြောင်းမှုအားလုံးကို လက်ခံမည်မဟုတ်ဘဲ အကျုံးမဝင်ဟု မှတ်ယူပါမည်။
- အရောင်းမြှင့်တင်ရေးကာလအတွင်း Western Union® Money TransferSM သို့ အနည်းဆုံး ငွေပမာဏ MMK500,000.00 (လွှဲခများမပါဘဲ ငွေရင်းပမာဏ) ကို စင်္ကာပူ နိုင်ငံမှ မြန်မာနိုင်ငံသို့ ပါဝင်ဆောင်ရွက်နေသော Western Union ကိုယ်စားလှယ်ရုံးမှ သို့မဟုတ် www.westernunion.com (“အရည်အချင်းမီသော လွှဲပြောင်းမှု”) မှတစ်ဆင့် ပေးပို့သည့် သတ်မှတ်ချက်မီသော ပါဝင်သူအားလုံးသည် ၎င်းတို့၏ ငွေလက်ခံသူထံသို့ ထည့်သွင်းပေးမည့် MMK10,000.00 အပိုဆုကို ခံစားခွင့်ရှိပါမည်။ ပါဝင်နေသာ Western Union ကိုယ်စားလှယ်ရုံးများသည်-
– Cooperative Bank
– United Amara Bank
– Kanbawza Bank
– Global Treasure Bank - MMK10,000.00 အပိုဆုကို ငွေရင်း ပို့ငွေနှင့် အတူတကွ ထုတ်ပေးပါမည်/ထည့်သွင်းပေးပါမည်။
- သတ်မှတ်ချက်မီသော ပါဝင်သူသည် အရောင်းမြှင့်တင်ရေးကာလအတွင်း ကြိမ်ရေများစွာ ပါဝင်ဆောင်ရွက်နိုင်ပါသည်။
- ဤအရောင်းမြှင့်တင်ရေးသည် နည်းလမ်းတစ်ခုခုဖြင့် နှောင့်ယှက်ခံရပါက သို့မဟုတ် နည်းပညာ အခက်အခဲများ သို့မဟုတ် ပျက်ယွင်းမှုများ၊ ခွင့်ပြုချက်မရှိသော ကြားဝင်စွက်ဖက်မှု သို့မဟုတ် လိမ်လည်မှု၊ လက်သရမ်းဖျက်ဆီးမှု၊ စွမ်းအင်ပျက်ယွင်းမှု၊ သဘာဝကပ်ဘေးများ၊ ကြိုမသိနိုင်သော ဖြစ်ရပ်များ၊ အရပ်ဘက်ဆူပူအုံကြွခြင်း၊ သပိတ်မှောက်ခြင်းများ၊ ကွန်ပျူတာဗိုင်းရပ်စ် ကူးစက်ခံရခြင်း၊ စက်ချို့ယွင်းချက်များ၊ ကလီကမာလုပ်ခံရခြင်း၊ ခွင့်ပြုချက်မရှိဘဲ ကြားဝင်နှောင့်ယှက်ခြင်း၊ လိမ်လည်ခြင်း၊ ရောဂါ၊ ကူးစက်ရောဂါများ၊ ကပ်ရောဂါများ သို့မဟုတ် အရောင်းမြှင့်တင်သူ၏ ထိန်းချုပ်မှုကို ကျော်လွန်သော အခြား အကြောင်းရင်းများ သာမကဘဲ အပါအဝင် အရောင်းမြှင့်တင်သူ၏ ကျိုးကြောင်းသင့်သော ထိန်းချုပ်မှုကို ကျော်လွန်သော အကြောင်းရင်းတစ်ရပ်ရပ်ကြောင့် ကျိုးကြောင်းသင့်စွာ မျှော်လင့်ထားသည့်အတိုင်း မဆောင်ရွက်နိုင်ပါက- (က) သတ်မှတ်ချက်မီသော ပါဝင်သူတစ်ဦးဦးကို စည်းကမ်းနှင့်မညီ၍ ပိတ်ပင်ရန် သို့မဟုတ် (ခ) စည်းကမ်းထိန်းသိမ်းရေး အာဏာပိုင်တစ်ဦးထံမှ စာဖြင့်ရေးသားထားသော ညွှန်ကြားချက်များအရ ဤအရောင်းမြှင့်တင်ရေး၏ မူလရည်ရွယ်ချက်အတိုင်း ဖြစ်နိုင်သမျှ ကျိုးကြောင်းသင့်စွာ အကျုံးဝင်စေရန် သင့်လျော်သလို အရောင်းမြှင့်တင်ရေးကို ပြင်ဆင်ရန်၊ ဆိုင်းငံ့ရန်၊ ဖျက်သိမ်းရန် သို့မဟုတ် ပယ်ဖျက်ရန်။
- မချန်လှပ်နိုင်သော သက်ဆိုင်ရာဥပဒေများကို လိုက်နာလျက် အရောင်းမြှင့်တင်ရေးနှင့်ပတ်သက်သော အရောင်းမြှင့်တင်သူနှင့် ၎င်းနှင့် သက်ဆိုင်သော အဖွဲ့များ၊ ကော်ပိုရိတ်နှင့် အေးဂျင့်များသည် ဤအရောင်းမြှင့်တင်ရေး သို့မဟုတ် ဤအရောင်းမြှင့်တင်ရေး၏ အစိတ်အပိုင်းတစ်ခုအဖြစ် ပေးအပ်ထားသည့် ဆုတစ်ခုခုကြောင့် တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ ဖြစ်ပေါ်လာသော (တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်သော ဆုံးရှုံးမှု၊ ဆက်စပ်ဆုံးရှုံးမှု သို့မဟုတ် မသိနားမလည်မှုကြောင့် ဆုံးရှုံးမှုများအပါအဝင် ထိုမျှမကသော ထိခိုက်မှုများ) တစ်စုံတစ်ဦး ကြုံတွေ့သော သို့မဟုတ် ခံစားရသော ဆုံးရှုံးမှု၊ ထိခိုက်မှု သို့မဟုတ် အနာတရဖြစ်မှုများအတွက် တာဝန်မရှိပါ။
- နောက်ထပ် ရှင်းလင်းပြောကြားချက်နှင့် တိုင်ကြားချက်များအတွက် Western Union သုံးစွဲသူဝန်ဆောင်မှု စင်တာ- အီးမေးလ် – CustomerService.Asia@westernunion.com သို့ ဆက်သွယ်နိုင်ပါသည်။
- တည်ဆဲဥပဒေတစ်ခုခုမှ တားမြစ်ထားခြင်းမရှိပါက အရောင်းမြှင့်တင်သူကပေးသော ဆု၊ အကျိုးခံစားခွင့် နှင့်/သို့မဟုတ် ကမ်းလှမ်းမှုတစ်စုံတစ်ရာကို လက်ခံရယူခြင်းသည် အနိုင်ရသူ(များ)ဘက်မှ ၎င်းတို့၏အမည်၊ ပုံတူ၊ ဓါတ်ပုံ နှင့်/သို့မဟုတ် အသံတို့ကို ကြော်ငြာရန်နှင့် အခြားအရောင်းမြှင့်တင်ရေးဆိုင်ရာ ရည်ရွယ်ချက်များအတွက် လျော်ကြေးပေးရန်မလိုဘဲ ထည့်သွင်းအသုံးပြုရန် သဘောတူညီသည်ဟု သတ်မှတ်မည်ဖြစ်သည်။
- Western Union သည် အရောင်းမြှင့်တင်ရေးကို ဆောင်ရွက်နိုင်ရန်အတွက် ကိုယ်ရေးအချက်အလက် (“PI”) ကို စုဆောင်းမည်ဖြစ်ပြီး အဆိုပါ PI ကို အေးဂျင့်များ၊ ကန်ထရိုက်တာများ၊ ဝန်ဆောင်မှုပေးသူများ၊ ဆုပေးသူများ၊ (လိုအပ်သော) စည်းကမ်းထိန်းသိမ်းရေး အာဏာပိုင်အဖွဲ့များအပါအဝင် ထိုမျှမကသော ပြင်ပအဖွဲ့အစည်းများထံ ဖွင့်ဟထုတ်ဖော်နိုင်သည်။ ပါဝင်ဆောင်ရွက်သူများသည် ဤ PI ကို ပေးအပ်ရန် သဘောတူပါသည်။ PI အသုံးပြုခြင်းနှင့် ကိုင်တွယ်ဆောင်ရွက်ခြင်းကို https://www.westernunion.com/content/wucom/global/en/privacy-statement.html တွင် မြင်တွေ့နိုင်သည့် ကိုယ်ရေးလုံခြုံမှု ကြေညာချက်တွင် မြင်တွေ့ရပါသည်။ ကိုယ်ရေးအချက်အလက်လုံခြုံမှုဆိုင်ရာ ထုတ်ပြန်ချက်တွင် အရည်အချင်းပြည့်မီသည့် ပါဝင်သူများက ၎င်းတို့၏ PI ကို ဖယ်ထုတ်ရန်၊ ဝင်ရောက်ကြည့်ရှုရန်၊ အဆင့်မြှင့်ရန် သို့မဟုတ် အမှားပြင်ဆင်ရန် လုပ်ဆောင်ရမည့်နည်းလမ်းအပြင် အရည်အချင်းပြည့်မီသည့် ပါဝင်သူများက ၎င်းတို့၏ ကိုယ်ရေးအချက်အလက်လုံခြုံမှု သို့မဟုတ် အခြားသော အကျုံးဝင်သည့် ဥပဒေတစ်စုံတစ်ရာ ချိုးဖောက်ခံရကြောင်းကို တိုင်ကြားနိုင်မည့်နည်းလမ်းဆိုင်ရာနှင့် ယင်းတိုင်ကြားမှုများကို မည်ကဲ့သို့ ကိုင်တွယ်မည်ဖြစ်ကြောင်း အချက်အလက်များလည်း ပါဝင်ပါသည်။ အရောင်းမြှင့်တင်သူသည် သတ်မှတ်ချက်မီသော ပါဝင်သူ၏ ကိုယ်ရေးအချက်အလက်များကို မူလအားဖြင့် စုဆောင်းထားသည့် နိုင်ငံပြင်ပရှိ အဖွဲ့အစည်းတစ်ခုခုထံသို့ ထုတ်ပေးမည် မဟုတ်ပါ။ PI တစ်စုံတစ်ရာကို ဝင်ရောက်ကြည့်ရှုရန်၊ အဆင့်မြှင့်ရန် သို့မဟုတ် အမှားပြင်ဆင်ရန် တောင်းဆိုမှုသည် အရောင်းမြှင့်တင်သူထံ ဦးတည်သင့်ပါသည်။
- ဤအရောင်းမြှင့်တင်ရေးနှင့်ပတ်သက်၍ ထုတ်လုပ်ထားသော အခြား ဈေးကွက်ရှာဖွေရေးပစ္စည်းများ သို့မဟုတ် ဆက်စပ်ပစ္စည်းများနှင့် ဤစည်းမျဉ်းစည်းကမ်းများအကြား မတူညီမှုများရှိပါက ဤစည်းမျဉ်းစည်းကမ်းများက လွှမ်းမိုးပါမည်။
© 2021 Western Union Holdings, Inc. မူပိုင်ခွင့်အားလုံး လက်ဝယ်ရှိပါသည်။ ဤပစ္စည်းအတွင်း ရည်ညွှန်းထားသော အခြားလိုဂိုများ၊ ကုန်အမှတ်တံဆိပ်များ၊ ဝန်ဆောင်မှု အမှတ်တံဆိပ်များနှင့် ကုန်သွယ်မှုအမည်များအားလုံးသည် ၎င်းတို့သက်ဆိုင်ရာ ပိုင်ရှင်များ၏ ပိုင်ဆိုင်မှုများ ဖြစ်ပါသည်။