× Western Union Logo
  • Estimate
  • Receiver
  • Payment
  • Review

အွန်လိုင်းဝဘ်ဆိုက် WU.com သို့မဟုတ် Western Union® အက်ပ်ကို သုံးပြီး ငွေလွှဲခ ထိုင်းဘတ် သုည ဘတ်* ထဲနဲ့ မြန်မာနိုင်ငံရှိ ဘဏ်အကောင့်ကို ငွေတိုက်ရိုက် လွှဲနိုင်ပါပြီ။

ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ငွေပို့နည်းကို ရွေးချယ်ပါ

ငွေပို့ရန် နည်းလမ်းများ

ငွေလွှဲမှုများ လုပ်ရန် လွယ်ကူသည်။
ဤရွေးစရာကို Krungsri ဘဏ်၏ အွန်လိုင်း ဘဏ်လုပ်ငန်းတွင်သာ ရရှိနိုင်သည်။

www.krungsrionline.com (KOL) သို့ ဝင်ပြီး အသုံးပြုသူအမည်နှင့် စကားဝှက်ရရှိရန် မှတ်ပုံတင်ပါ။ သင့်တွင် KOL ဘဏ်အကောင့် မရှိသေးပါက Krungsri ဘဏ်ရှိသည့် ကြိုက်ရာ နေရာ သို့ သွားပြီး သင့်အတွက် အကောင့်ဖွင့်ပေးရန် တောင်းဆိုပါ။

“Western Union” တဘ်ကို ရွေးချယ်ပြီး “Apply to send money via KOL” (“KOL မှတစ်ဆင့် ငွေပို့ရန် လျှောက်ထားခြင်း”) ကို ရွေးချယ်ပါ။ ထို့နောက် ကျန်ရှိသည့် လိုအပ်သောအချက်အလက်များကို ဖြည့်ပါ။

သင့်အကောင့်ဖွင့်ပြီးကြောင်း အတည်ပြုချက်ကို ရုံးဖွင့်ရက် ၁ ရက်မှ ၃ ရက်အတွင်း SMS ဖြင့် ရရှိပါမည်။

အကောင့်ဖွင့်ရန်အတွက် SMS အတည်ပြုချက် လက်ခံရရှိပြီးပါက သင်၏ KOL အကောင့်သို့ ထပ်ပြီး လက်မှတ်ထိုးဝင်ပါ။ “Western Union” တဘ်ကို ရွေးချယ်ပြီး “Sending” ("ပို့ဆောင်ခြင်း") ခလုတ်သို့ ရွှေ့ပါ။ ပေးထားသော ရိုးရှင်းသည့်အဆင့်များအတိုင်း လိုက်ပါလုပ်ဆောင်ပြီး ငွေလွှဲပါ။

ငွေလွှဲပြီးပါက သင်၏ ပြေစာတွင် စောင့်ကြည့်ရန်နံပါတ် (MTCN) တစ်ခုကို ရရှိမည်ဖြစ်သဖြင့် ငွေကြေးကို လိုက်လံစောင့်ကြည့် နိုင်သည်။ ၎င်းကို သင် ရည်ရွယ်ထားသော လက်ခံသူနှင့်သာ မျှဝေပါ။


ငွေပို့ခြင်း

ကျွန်ုပ်တို့၏ အက်ပ်ဖြင့်
သွားလာရင်း ငွေပို့နိုင်သည်။

အက်ပ်ကို ဒေါင်းလုဒ်လုပ်ရန်

Western Union® အက်ပ်ကို Apple App စတိုး သို့မဟုတ် Google Play စတိုးတွင် ဒေါင်းလုဒ်လုပ်ပါ

လော့ဂ်အင် ဝင်ရန် သို့မဟုတ် စာရင်းသွင်းရန်

- သင့်ဖုန်းနံပါတ်ဖြင့် ပရိုဖိုင်း ဖန်တီးရန် အက်ပ်ရှိ အဆင့်များကို လိုက်နာပါ။

- သင့်အထောက်အထားကို လူကိုယ်တိုင် မှန်ကန်ကြောင်း အတည်ပြုရန် သက်တမ်းမကုန်သေးသော အစိုးရထုတ် ID ကို ယူဆောင်၍ ကိုယ်စားလှယ်ရုံးများ မှ တစ်ခုသို့ သွားရောက်ပါ။

သင့်ငွေလွှဲမှု စတင်ရန်

- ပေးပို့ရောက်ရှိမည့် နိုင်ငံနှင့် သင်ပေးပို့လိုသော ပမာဏကို ရိုက်ထည့်ပါ။
- သင် ငွေပေးပို့လိုသော နည်းလမ်းကို ရွေးချယ်ပါ - ခရက်ဒစ်ကတ်၊ ဒက်ဘစ်ကတ်ဖြင့်3 သို့မဟုတ် ဘဏ်မှ ‌ငွေလွှဲခြင်းဖြင့်။
- ငွေထုတ်မည့် နည်းလမ်းကို ရွေးချယ်ပါ- ငွေသားဖြင့် ထုတ်ယူခြင်း သို့မဟုတ် ဘဏ်စာရင်းသို့ တိုက်ရိုက်ဝင်ခြင်း။

သင့်ငွေလက်ခံမည့်သူ၏ အသေးစိတ်များကို ရိုက်ထည့်ပါ

- သင်သည် ဘဏ်စာရင်းသို့ တိုက်ရိုက် ပေးပို့လျှင် သင့်ငွေလက်ခံမည့်သူ၏ ဘဏ်အမည်၊ ကုဒ်နှင့် အကောင့်နံပါတ် လိုအပ်ပါမည်5
- ထပ်မံ ငွေလွှဲမှုများအတွက် အဆင်ပြေစေရန် သင့်ငွေလက်ခံမည့်သူ၏ အသေးစိတ်များကို သိမ်းဆည်းထားနိုင်သည်။

ငွေရှင်းခြင်းနှင့် ပို့ခြင်း

- သင့်ငွေလွှဲမှုအတွက် ငွေရှင်းပါ။
- ပို့မည်ကို မနှိပ်ခင် အသေးစိတ်အားလုံးကို စစ်ဆေးပါ။ - စောင့်ကြည့်ရန်နံပါတ် (MTCN) ပါဝင်သော အတည်ပြုအီးမေးလ်တစ်စောင်ကို ရရှိပါမည်။ ၎င်းကို သင့်လွှဲငွေအား လိုက်လံစောင့်ကြည့်ရာတွင် အသုံးပြုပြီး သင့်ငွေလက်ခံမည့်သူနှင့်သာ မျှဝေပါ။

အက်ပ်ကို ဒေါင်းလုဒ်လုပ်ရန်

အနီးဆုံး ATM မှ ငွေလွှဲခြင်း။
ဤရွေးစရာကို Krungsri ဘဏ်၏ အွန်လိုင်း ဘဏ်လုပ်ငန်း (KOL) အကောင့်ရှိသူများသာ အသုံးပြုနိုင်သည်။

KOL အကောင့် ရှိသူများအတွက်­

ငွေလွှဲရန် Krungsri ဘဏ်၏ ရုံတစ်ခုခုအတွင်း တည်ရှိသော Krungsri ဘဏ် ATM များ ထဲမှ တစ်ခုခုသို့ သွားပါ။

ငွေလွှဲပြီးပါက သင်၏ ပြေစာတွင် စောင့်ကြည့်ရန်နံပါတ် (MTCN) တစ်ခုကို ရရှိမည်ဖြစ်သဖြင့် ငွေကြေးကို လိုက်လံစောင့်ကြည့် နိုင်သည်။ ၎င်းကို သင် ရည်ရွယ်ထားသော လက်ခံသူနှင့်သာ မျှဝေပါ။

KOL အကောင့် မရှိသူများအတွက်­

ကြိုက်ရာ Krungsri ဘဏ်နေရာ သို့ သွားပြီး KOL အကောင့်သစ်တစ်ခု ဖွင့်ပေးရန် တောင်းဆိုပါ။

သင်၏ အချက်အလက်များဖြည့်ရာတွင် Western Union အကောင့် အခြေခံ ငွေလွှဲခြင်း (ABMT) မှတ်ပုံတင်ဖောင်တစ်စောင်ကိုပါ ဖြည့်ပြီး ATM ဝန်ဆောင်မှုများ လျှောက်ထားပါ။

သင့် KOL အကောင့်ဖွင့်ပြီးကြောင်း အတည်ပြုချက်ကို ရုံးဖွင့်ရက် ၁ ရက်မှ ၃ ရက်အတွင်း SMS ဖြင့် ရရှိပါမည်။

ငွေလွှဲရန် Krungsri ဘဏ်၏ ရုံတစ်ခုခုအတွင်း တည်ရှိသော Krungsri ဘဏ် ATM များ ထဲမှ တစ်ခုခုသို့ သွားပါ။

ငွေလွှဲပြီးပါက သင်၏ ပြေစာတွင် စောင့်ကြည့်ရန်နံပါတ် (MTCN) တစ်ခုကို ရရှိမည်ဖြစ်သဖြင့် ငွေကြေးကို လိုက်လံစောင့်ကြည့် နိုင်သည်။ ၎င်းကို သင် ရည်ရွယ်ထားသော လက်ခံသူနှင့်သာ မျှဝေပါ။


ATM ရှာရန်

ငွေကို လူကိုယ်တိုင်ပို့ခြင်း
မြန်ဆန်ပြီး စိတ်ချရသော ငွေလွှဲမှုတစ်ခု ပြုလုပ်ရန် ထိုင်းနိုင်ငံရှိ ကျွန်ုပ်တို့၏ ကိုယ်စားလှယ်နေရာတစ်ခုခုသို့ လာပါ။

ဆိုင်တွင်း ငွေသားဖြင့် ငွေရှင်းခြင်း

Western Union ကိုယ်စားလှယ် နေရာတစ်ခုသို့ လာပါ

- ထိုင်းနိုင်ငံအတွင်း 2 ဆိုင်ပေါင်း ၅,၉၀၀ ကျော်ရှိပြီး သင့်အနီးတွင် ဆိုင်တစ်ဆိုင် ရှာရန် လွယ်ကူသည်။

သင့် အသေးစိတ်အချက်များကို မျှဝေပါ

- သင့်အမည်အပြည့်အစုံနှင့် အစိုးရထုတ်ပေးထားသော ဓာတ်ပုံ ID ကို ကိုယ်စားလှယ်အား ပေးပါ။

ငွေလက်ခံမည့်သူ၏ အသေးစိတ်များကို မျှဝေပါ

- ငွေလက်ခံမည့်သူ၏ အမည်အပြည့်အစုံ၊ လက်ခံမည့် နိုင်ငံနှင့် သင် ပို့လိုသည့်ငွေပမာဏ အတိအကျကို ကိုယ်စားလှယ်အား ပေးပါ။
- ငွေပေးမည့်နည်းလမ်းအဖြစ် ငွေသားကို ရွေးချယ်ပါ။

ငွေရှင်းခြင်းနှင့် ပို့ခြင်း

- ငွေလွှဲမှုကို ခရက်ဒစ် သို့မဟုတ် ဒက်ဘစ်ကတ်မှတစ်ဆင့် ဖြစ်စေ3 ငွေသားဖြင့် ဖြစ်စေ ပေးချေပါ။
- စောင့်ကြည့်ရန်နံပါတ် (MTCN) ပါဝင်သော အတည်ပြုပြေစာတစ်ခုကို ရရှိပါမည်။ ၎င်းကို သင့်လွှဲငွေအား လိုက်လံစောင့်ကြည့်ရာတွင် အသုံးပြုပြီး ငွေလက်ခံမည့်သူနှင့်သာ မျှဝေပါ။

နေရာ ရှာရန်

မြန်မာနိုင်ငံတွင် ငွေလက်ခံနည်း

ငွေလက်ခံသူသည် အောက်ပါ ညွှန်ကြားချက်များကို လိုက်နာခြင်းဖြင့်4 သင် လွှဲလိုက်သောငွေကို မိနစ်ပိုင်းအတွင်း ထုတ်ယူနိုင်သည်။

ငွေလက်ခံရန်

 

Western Union ကိုယ်စားလှယ် နေရာတစ်ခုသို့ လာပါ

မြန်မာနိုင်ငံရှိ ကိုယ်စားလှယ်နေရာပေါင်း2 ၁,၂၀၀+ အတွင်း တစ်ခုသို့ လာပါ။

သင့်ထံငွေပို့သူ၏ အသေးစိတ်အချက်များကို ပေးပါ

သင့်ထံ ငွေပို့သူ၏ အမည်နှင့်တကွ ငွေပို့သူက မျှဝေထားသော စောင့်ကြည့်ရန်နံပါတ် (MTCN) ကို ကိုယ်စားလှယ်အား ပေးပါ။

သင့်အသေးစိတ်အချက်များကို မျှဝေပါ

သင့်အမည်အပြည့်အစုံနှင့် ပတ်စပို့ကဲ့သို့ အစိုးရထုတ်ပေးထားသော ဓာတ်ပုံ ID ကို ကိုယ်စားလှယ်အား ပေးပါ။

ငွေလက်ခံရန်

သင်၏ အသေးစိတ်အချက်အလက်များကို စိစစ်ပြီးသည်နှင့် ငွေကို ထုတ်ယူပါ။


နေရာ ရှာရန်

မြန်မာနိုင်ငံရှိ Western Union ဝန်ဆောင်မှုများကို အောက်ပါ ပါတနာနေရာများတွင် ရရှိနိုင်သည်-

KBZ ဘဏ်
CB ဘဏ်
Aya ဘဏ်
Yoma ဘဏ်
MOB ဘဏ်
MAB ဘဏ်
Treasure ဘဏ်
FPB ဘဏ်
UAB ဘဏ်

ထိုင်းနိုင်ငံရှိ Western Union ဝန်ဆောင်မှုများကို အောက်ပါ ပါတနာနေရာများတွင် ရရှိနိုင်သည်-

Bangkok ဘဏ်
Central ဘဏ်
Krungthai
Krungsri
ဘဏ်
ထိုင်းနိုင်ငံ စာတိုက်ကြီး

သင့် ငွေလွှဲမှုကို မည်သည့်အချိန်တွင် လက်ခံရရှိမည်ဖြစ်ကြောင်း သိရန်လိုပါသလား။

သင့်ငွေလွှဲမှုအခြေအနေကို ကျွန်ုပ်တို့၏ အသုံးဝင်သော စောင့်ကြည့်တူးလ်ဖြင့် ခြေရာခံကြည့်ရှုနိုင်သည်။ ပြေစာတွင် ပုံနှိပ်ထားသော စောင့်ကြည့်ရန်နံပါတ် (MTCN) ကိုသာ လိုအပ်သည်။ ငွေသည် လမ်းခရီးတွင် ဖြစ်ကြောင်း သို့မဟုတ် ငွေထုတ်၍ရနေပြီဖြစ်ကြောင်း သင် ချက်ချင်းသိနိုင်ပါမည်။

ငွေလွှဲထိန်းချုပ်မှု နံပါတ် (MTCN) ၏ အခြေအနေကို ကြည့်ရှုပါ။

အကူအညီ လိုပါသလား။

ကျွန်ုပ်တို့၏ အမေးများသော မေးခွန်းများကို ဝင်ကြည့်ပါ၊ သို့မဟုတ် ဆက်သွယ် မေးမြန်းလိုက်ပါ။

ခေါ်ဆိုခမဲ့ ဖုန်းနံပါတ်-  001-800-852-5385
(ထိုင်း- မနက် ၈ နာရီမှ ည ၉ နာရီ၊ အင်္ဂလိပ်- ၂၄/၇)

CustomerService.Asia@westernunion.com

1 Western Union သည် ငွေလဲလှယ်ခြင်းမှလည်း ငွေကြေးရရှိသည်။ ငွေလွှဲ ဝန်ဆောင်မှုတစ်ခုကို ရွေးချယ်ရာတွင် ငွေလွှဲခနှင့် ငွေလဲလှယ်နှုန်းထားများကို သေချာစွာ နှိုင်းယှဉ်ပါ။ အခကြေးငွေနှင့် နိုင်ငံခြားငွေလဲလှယ်နှုန်းထားများသည် အကြောင်းရင်းအများအပြားပေါ် မူတည်ပြီး အမှတ်တံဆိပ်၊ လမ်းကြောင်းနှင့် တည်နေရာအလိုက် ကွဲပြားမှု ရှိနိုင်သည်။ အခကြေးငွေနှင့် နှုန်းထားများသည် ကြိုတင်အသိပေးခြင်းမရှိဘဲ ပြောင်းလဲနိုင်သည်။ သက်ဆိုင်ရာ အခွန်များ ပေးဆောင်ရနိုင်သည် (ရှိပါက)။

2 ၂၀၁၉ ဒီဇင်ဘာ ၃၁ ရက်အထိ ကွန်ရက်ဒေတာ။

3 သင်က ခရက်ဒစ်ကတ်သုံးပါက ကတ်ထုတ်ပေးသူ၏ ငွေသားကြိုပေးခနှင့် သက်ဆိုင်ရာ အတိုးနှုန်းထားတို့ ကျသင့်နိုင်သည်။ ဒက်ဘစ်ကတ်ကို သုံးခြင်းဖြင့် အဆိုပါအခကြေးငွေများကို ရှောင်ရှားနိုင်သည်။

4 ပို့သောငွေပမာဏ၊ လက်ခံမည့်နိုင်ငံ၊ ငွေကြေး ရရှိနိုင်မှု၊ စည်းမျဉ်းဆိုင်ရာ အရေးကိစ္စများ၊ အထောက်အထားလိုအပ်ချက်များ၊ လက်ခံသူဘက်မှ လုပ်ဆောင်ရသည့်အရာ (များ)၊ ကိုယ်စားလှယ် တည်ရှိသည့်နေရာ၏ အချိန်များ၊ အချိန်ဇုန်ကွာခြားမှု သို့မဟုတ် ဆိုင်းထားရန် ရွေးစရာများကို ရွေးချယ်မှုအပါအဝင် ငွေပေးငွေယူမှု အခြေအနေများကြောင့် ငွေကြေးများ နှောင့်နှေးခြင်း သို့မဟုတ် ဝန်ဆောင်မှုမရခြင်းတို့ ဖြစ်နိုင်သည်။ ထပ်ဆောင်းကန့်သတ်ချက်များ ရှိနိုင်သည်။ အသေးစိတ်သိရှိရန် စည်းမျဉ်းများကို ကြည့်ပါ။

5 ဘဏ်အကောင့်အချက်အလက်များကိုပေးသည့်အခါဂရုပြုပါ။ သင်ပေးသောဘဏ်စာရင်းနံပါတ်နှင့်လိုက်လျောညီထွေရှိသောဘဏ်စာရင်းထဲသို့ရန်ပုံငွေများကိုပေးလိမ့်မည်။ လက်ခံသူ၏အကောင့်သည်ဒေသသုံးငွေပေးချေမှုအကောင့်ဖြစ်ရမည်။