မကြာခဏမေးမြန်းသည့်မေးခွန်းများ

လက်ရှိနှင့် ယခင် ငွေလွှဲများနှင့်ပတ်သက်သည့် အကူအညီ

ကျွန်ုပ်၏ငွေလွှဲ နှောင့်နှေးနေပါက ကျွန်ုပ်ကို အသိပေးပါမည်လား။

သင့်ငွေလွှဲ နှောင့်နှေးနေပါက၊ သင်ငွေလွှဲစဉ်တွင် ဖော်ပြပေးထားသော အချက်အလက်များကိုသုံးကာ သင့်ကို ဆက်သွယ်ပေးပါလိမ့်မည်။ 

ကျွန်ုပ် ငွေလွှဲပေးပို့သည့်အခါ၊ ကျွန်ုပ်၏ငွေလက်ခံသူသည် အသိပေးချက်ကို ရရှိပါမည်လား။

Western Union သည် ငွေလက်ခံသူများထံ အသိပေးချက်များ ပေးပို့ခြင်းမရှိပါ။ MTCN ကိုအသုံးပြုကာ ငွေလွှဲ၏ အခြေအနေကို စစ်ဆေးရန် ငွေပေးပို့သူသည် ငွေလက်ခံသူနှင့်အတူ ၎င်းတို့၏ ခြေရာခံ နံပါတ် (MTCN) ကို မျှဝေနိုင်ပါသည်။ 

ငွေပေးပို့သူသည် အထောက်အထား စစ်မှန်ကြောင်း အတည်ပြုမှု အပါအဝင် ငွေထုတ်ယူသည့်လုပ်ငန်းစဉ်နှင့် ပတ်သက်၍ ငွေလက်ခံသူကို အသိပေးထားသင့်ပါသည်။ 

မှတ်ချက်- သင်၏ငွေလက်ခံသူမဟုတ်သော မည်သူနှင့်မျှ ခြေရာခံ နံပါတ်ကို မျှဝေခြင်း မပြုပါနှင့်။